ဓာတ်ပုံ-NCA-S EAO
test1

NCAစာချုပ် ၆ နှစ်တာကာလအတွင်း ရလဒ်ကောင်းမရရှိခဲ့ဟု NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထုတ်ပြန်


Western News

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် နိုင်ငံတကာ သံတမန်များအပါအဝင် ပြည်သူလူထုရှေ့ မှောက်၌ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပြည်တွင်းအသိ သက်သေများအား သက်သေအဖြစ်ထားရှိ၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန်အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အကြီးအကဲခေါင်းဆောင်တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တရားဝင်လက်မှတ်ရေးထိုးခဲ့သည်မှာ ယခုနှစ်အောက်တိုဘာ ၁၅ ရက်နေ့တွင် ၆ နှစ်ပြည့်သွားဖြစ်သည်ဟုထုတ်ပြန်သည်။

ပြီးခဲ့သည့် ၆ နှစ်တာကာလအတွင်း NCA စာချုပ်အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းများမှ နိုင်ငံရေးဆွေး နွေးပွဲဆိုင်ရာအာမခံချက်၏ နိုင်ငံရေးလမ်းပြမြေပုံ ၇ ဆင့်နှင့် အညီဆောင်ရွက်လာခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ၄ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ချုပ်ဆိုနိုင်ခဲ့ သော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြခံမူ များကို မျှော်မှန်းသလောက် ရလဒ်များမရရှိခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စွဲရေးဆိုင်ရာလုပ်ငန်းစဥ်များနှင့် ကြားကာလအစီအစဥ်တို့ကို အကောင်အထည်ဖော်ရာတွင် ထိုက်သင့်သလောက် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သလို အားလုံးပါဝင်ရေးမူကို အခြေခံသော NCA စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး မစွမ်းဆောင် နိုင်ခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ အားနည်းချက်တရပ် ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

NCAရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့မှာ ABSDF၊ ALP၊ CNF ၊DKBA၊ KNU၊ KNU-KNLAPC၊ LDU၊ NMSP၊ PNLOနှင့် RCSSတို့ ဖြစ်သည်။

ဆက်လက်၍ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က ရုတ်တရက် အာဏာသိမ်းလိုက်ခြင်းကြောင့် NCAစာချုပ်အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းများအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည် လုံးဝ ရပ်တန့်သွားခဲ့ရပြီး အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအကျပ်အတည်းအပါအဝင် အထွေထွေအကျပ်အတည်းများနှင့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦဆောင်အဖွဲ့ (PPST)အနေဖြင့် နိုင်ငံရေးရည်မှန်းချက် ၇ ချက်ကိုချမှတ်နိုင်ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးခေါင်းဆောင်များအပါ အဝင် ပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်းကို လက်နက်ကိုင်နည်းလမ်းဖြင့်မဟုတ်ဘဲ ငြိမ်းချမ်းသောနည်းဖြင့်သာဖြေရှင်းကြရန်လည်း တိုက်တွန်းပါရှိသည်။

Western News-WN

ဓာတ်ပုံ-NCA-S EAO


ဆက်စပ်စကားလုံများ : #NCA#မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်