north alience
test1

AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၏ အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၁၀၀ ကျော်ကို အမှုမှလွှတ်မည်


Western News

ယနေ့ (အောက်တိုဘာ ၁၅) ရက်နေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်အတွင်းတရားရုံး အသီးသီး၌ တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်သူပါဝင်သူ ၁၁၄ ဦးတို့ကို အမှုမှလွှတ်ပေးမည်ဟု နစက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော် AAနှင့်ဆက်စပ်၍ တရားရင်ဆိုင်နေရသူ ၆၃ ဦး၊ KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) နှင့်ဆက်စပ်သူ (၂၃)ဦး၊ KNU/KNLA (PC) (ကရင်ငြိမ်းချမ်းရေးကောင်စီ) နှင့်ဆက်စပ်သူ (၁) ဦး၊ MNDAA (မြန်မာအမျိုးသားဒီမိုကရစ်တစ် မဟာမိတ်တပ်မ တော်) နှင့်ဆက်စပ်သူ (၁) ဦး၊ RCSS/SSA (သျှမ်းပြည် ပြန်လည်ထူထောင်လေးကောင်စီ) နှင့် ဆက်စပ်သူ (၁၂) ဦး၊ SSPP/SSA (ရှမ်းပြည်တိုး တက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်) နှင့်ဆက်စပ်သူ ( ၅ ) ဦး၊ TNLA (တအာင်းအမျိုးသား လွတ်မြောက်လွတ် ရေးတပ်မတော်) နှင့်ဆက်စပ်သူ (၁၁) ဦး တို့ဖြစ်သည်။

ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဝင်များနှင့် ဆက်စပ်ပါဝင်သူများ အပေါ်စွဲဆိုထားသော ပြစ်မှုဆိုင်ရာ အားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ရမည်ဟုလည်း ဖော်ပြထားသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်