ရခိုင်ကိုဗစ်
test1

ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ကျဆင်းလာ


Western News – အောက်တိုဘာ ၁၅ ရက်
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၂၇ ရက်‌နေ့ကစတင်ကာဖြစ်ပွားခဲ့သော ကိုဗစ်တတိယလှိုင်းအတွင်း လက်ရှိ အချိန်မှာ သေဆုံး သူဦးရေ၊ ကူးစက်မှုဦးရေမှာ ၁၀၀ရာခိုင်နှုန်းတွင် ၅ ရာခိုင်နှုန်းခန့်သာတွေ့ရှိနေသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမားရေး ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။


မေလ ၂၇ ရက်နေ့ မှဇူလှိုင်လ ဒုတိယအပတ်အထိ လူဦးရေ ၁၀၀ စစ်ဆေးလျှင် ၁၂ ဦးခန့်တွေ့ရှိကြောင်း၊ ဇူလှိုင်လ နောက်ဆုံးအပတ်၌စစ်ဆေးချိန်တွင် လူဦးရေ ၁၀၀မှာ ၅၈ ဦးနှင့်အများဆုံးတွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ပထမအပတ်မှစတင်ကာ ယခုအောက်တိုဘာလအထိ လူဦးရေ ၁၀၀ ကို စစ်ဆေးလျှင် ၅ ဦးအောက် သာတွေ့ရှိသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။


“ကိုဗစ်ကူးစက်မှုနှုန်းတွေ၊ သေဆုံးမှုနှုန်းတွေက တန်းနေတယ်လို့ပြောရမယ်။ တတိယလှိုင်းက မေလ ၂၇ ရက်နေ့ မှာစတယ်ကွာ အခုအချိန်ထိတော့မပြီးသေးဘူးပေါ့။ ဘယ်အချိန်ပြီးမလဲမပြောတတ်ဘူး။ စစ်ဖြစ်တဲ့အချိန်မှာ ၁၀၀ရာခိုင်နှုန်းမှာ ၁၂ရာခိုင်းနှုန်းတွေ့တယ်။ ဇူလိုင်လကုန်ပိုင်းမှာစစ်တော့ လူ၁၀၀ရာမှာ ၅၈ရာခိုင်နှုန်းတွေ့တယ်။ အများဆုံးပေါ့။ အဲဒီကလို့ ဒီနေ့အချိန်ထိ ၁၀၀စစ်ဆေးရင် ၅ရာခိုင်နှုန်းအောက်သာတွေ့တယ်။အဲတော့ လူ၁၀၀စစ်ရင် သုညထိတော့မရောက်ဘူးပေါ့။ လျော့နည်းလာတယ်လို့ပြောရမယ်” ဟု ဆိုသည်။


လက်ရှိတွင် ကိုဗစ်ကူးစက်မှုနှုန်းလျော့နည်းလာသော်လည်း ပြည်သူပြည်သားများအနေဖြင့် ကျန်းမာရေးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာမှုလျော့နည်းမသွားစေဘဲ စည်းကမ်းအတိုင်းတိတိကျကျနေထိုင် သွားစေချင်ကြောင်းနှင့် ထိုသို့ကိုဗစ်စည်းကမ်းများကို လိုက်နာနေထိုင်မှသာ စတုတ္ထလှိုင်းမဖြစ်ပွားနိုင်ရန် ကာကွယ်နိုင်မည်ဖြစ်သည်ဟု ကိုဗစ်စောင့်ကြည့်လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူ ကိုဇော်လှိုင်ထွန်းကပြောသည်။


“လျော့နည်းလာတာက ပြည်သူတွေစည်းကမ်းလိုက်နာလို့ပြောရမယ်။ ပြီးတော့ ကိုဗစ်ကာကွယ်ဆေးထိုးရမှု အရေအတွက်နဲ့လည်းဆိုင်တယ်။ ဒါပေမဲ့ စည်းကမ်းမလိုက်နာရင်တော့ မရဘူး။ စည်းကမ်းလိုက်နာမှ ကျွန်တော် တို့ဒေသကို စတုတ္ထလှိုင်းမဝင်လာနိုင်အောင် ကာကွယ်လို့ရမယ်” ဟုဆိုသည်။


ရခိုင်ပြည်နယ်တွင် မေလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ သေဆုံးသူ ၄၇၄ ဦး၊ ပိုးတွေ့လူနာ ၄၈၄၂ ဦးနှင့် ဆေးရုံတက်ရောက်ဆဲဦးရေ ၆၅ ဦးရှိသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်သည်။


Western News-WNဓာတ်ပုံ-ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးနေသည့်ပုံ


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်