WESTERN NEWS
test1

ရခိုင်မှ အသက် ၁၂ နှင့်အထက်ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ


Western News – အောက်တိုဘာ၊ ၁၇ ရက်

ရခိုင်ပြည်နယ် အခြေခံပညာစာသင်ကျောင်းများရှိ အသက် ၁၂နှင့်အထက်ကျောင်းသားများကို ယနေ့ အောက်တို ဘာလ ၁၇ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံလျှက်ရှိသည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက် အ.ထ.က(ခွဲ)တွင် ကျောင်းသားဦးရေစုစုပေါင်း ၃၇၀ ဦးအား ယနေ့နံနက်ပိုင်းမှစ၍ ကာကွယ်ဆေးထိုးပေးနေပြီး အောက်တိုဘာလ ၁၈ ရက်နေ့အပြီးထိုးပေးမည်ဟုသိရသည်။

ရခိုင်ရှိကျောင်းသားများကို ထိုးပေးမည့်ကိုဗစ်ကာကွယ်ဆေးမှာ အလုံးရေ ၂ သိန်းခန့်ဖြစ်ပြီး ပြည်နယ်ရှိ ကျောင်းသားဦးရေနှင့် ညီမျှကြောင်း ကျောင်းသားများအား ကာကွယ်ဆေးထိုးနှံမှုပြီးစီးလျှင် ကျောင်းများပြန် ဖွင့်ရန်စီစဉ်မည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်ကောင်စီက ပြောဆိုထားသည်။

Western News-WN


ဆက်စပ်စကားလုံများ : #Sittwe#ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်