test1

ဖမ်းဆီးထားသော NLD ပါတီဝင် သုံးဦးကို တိုင်းဗဟို ၉ သို့ လွှဲပြောင်းပေး


Western News
ဇန်နဝါရီ ၁ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ဇန်နဝါရီ ၁ ရက်နေ့ ယနေ့ နေ့လယ် ၂ နာရီကျော်အချိန်ခန့်တွင် မင်းပြားမြို့နယ်ရှိ တိုင်းဗဟို ၉ ကျောင်းအုပ်ကြီးသို့ လွှဲပြောင်းပေး လိုက်ပြီဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက Western News ကိုပြောသည်။

ဒီနေ့ ၂ နာရီကျော်မှာ တိုင်းဗဟို ၉ ကိုလွှဲပြောင်းပေးလိုက်တယ်။ ကားသုံးစီးနဲ့ လွှဲပေးလိုက်တာ။ တိုင်းဗဟို ၉ ကိုထွက်သွားပါပြီ။ အဲ့ဒီတစ်ဆင့် ရဟတ်ယာဉ်နဲ့ စစ်တွေကိုယူဖို့ထင်တယ်။ တပ်ဖက်ကတိုင်းဗဟို ၉ ကျောင်းအုပ်ကြီးပါတယ်။ A A ဖက်ကတော့ နယ်မြေတာဝန်ခံနဲ့ ဗိုလ်မှူးအောင်လင်းပါတယ်။

တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နှင့် ၁၅ မိုင်ခန့်ဝေးကွာသည့် ဖောင်းကား ကျေးရွာသို့ မဲဆွယ်ရန်သွားရောက်ခဲ့စဉ် ရက္ခိုင့်တပ်တော်က AA က ဖမ်းဆီးသွား ခြင်းဖြစ်သည်။

ယင်းအပြင်ဇန်နဝါရီ ၁ ရက်နေ့ ယနေ့ ရက္ခိုင့်တပ်တော် AA ၏လွှတ်ပေးရာတွင် တပ်မတော်သားသုံ့ပန်းများဖြစ်ကြသည့် ကိုယ်ပိုင်အမှတ် ၆၉၂၁၈၇ အရာခံဗိုလ် ဦးမြင့်အောင်၊ ကိုယ်ပိုင်မှတ် ၄၀၄ ၈၉၄ တပ်သားနန်းဝင်းမောင်၊ ကိုယ်ပိုင်အမှတ် ၄၈၁၅၀၈ တပ်သားဝေလင်းအောင်တို့ ပါဝင်သည်ဟုသိရသည်။

အဆိုပါသုံးဦးမှာ တပ်မ ၇၇ ၏ လက် အောက်ခံ ခမရ ၃၁၃ တပ်ရင်းမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ ပလက်ဝမြို့နယ် ပုန်းညင်းဝကျေးရွာအနီး တိုက်ပွဲတွင်ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #NLD
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်