test1

တပ်မတော်သားစစ်သုံ့ပန်း ၃ ဦးကို AA လွှတ်ပေး


Western News
ဇန်နဝါရီ ၂ ရက်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၌ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပုန်းညက်ဝရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း AA မှ ဖမ်းဆီးရမိခဲ့သူများစစ်သုံ့ပန်းများထဲမှ ၃ ဦးကိုပြန်လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါသုံးဦးမှာ အရာခံဗိုလ် ဦးမြင့်အောင်၊ ကိုယ်ပိုင်အမှတ် ၆၉၂၁၈၇၊ တပ်သား နန်းဝင်းမောင် ကိုယ်ပိုင်အမှတ် ၄၀၄၈၉၄ နှင့် တပ်သား ဝေလင်းအောင် ကိုယ်ပိုင်အမှတ် ၄၈၁၅၀၈ ဖြစ်ပြီး ၎င်းတို့သည် တပ်မ(၇၇) လက်အောက်ခံ၊ မှော်ဘီအခြေစိုက်ခမရ(၃၁၃) တပ်ရင်းမှဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ရေးသည်။

၎င်းတို့သုံးဦးကို ပလက်ဝမြို့နယ်၊ အထက်ပီရွာအနီး၌ မြန်မာ့တပ်မတော်၏ တပ်မ(၇၇) လက်အောက်ခံ၊ ခမရ(၈) မှ ဒုရင်းမှူး ၊ ဗိုလ်မှူးကျော်မင်းမြတ် ဦးဆောင်သော လက်ခံရေးအဖွဲ့လက်ထဲသို့ ရက္ခိုင့်တပ်တော် လွှဲပြောင်းရေးအဖွဲ့မှ ကောင်းမွန်စွာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ရေးသည်။

အဆိုပါချင်းပြည်နယ်ပလက်ဝမြို့နယ် ပုန်းညက်ဝရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သူများထဲမာ တပ်မတော်သားစစ်သုံးပန်း ၁၀ ဦးကိုလည် ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ စီစဉ်ရန်ရက်နည်းခြင်းတို့ကြောင့် ၃ ဦးကိုသာပြန်လည်လွှတ်ပေးနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်ကထုတ်ပြန်သည်။

ယင်းအပြင် ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးထားသော NLD ပါတီဝင် သုံးဦးဖြစ်ကြသည့်ဦးမင်းအောင်၊ ဒေါ်နီနီမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ ဇန်နဝါရီ ၁ ရက်နေ့ ပြန်လည်လွှတ်ပေးခဲ့သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်