Arakan army
test1

လက်မောင်ချိုင်းအောက်၌ ကျည်ဆံဝင်နေသည့် စစ်ဘေးရှောင်တစ်ဦး အသက်အန္တရာယ်ကင်းစွာ ခွဲထုတ်နိုင်ခဲ့


Western News – အောက်တိုဘာ ၂၉ ရက်

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့က ကျေးရွာမှ ထွက်ပြးလာရင်း သေနတ်ဖြင့် အပစ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ ကိုသန်းထွန်းမောင်မှာ လက်မောင်းချိုင်းအောက်တွင် ဝင်နေသည့်ကျည်ဆံအား ခွဲစိတ်နိုင်ခဲ့သည်ဟု ကာယကံရှင်ကပြောသည်။

၄င်းကျည်ဆံကို ယခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့တွင် အလှူရှင်တစ်ဦးဖြစ်သည့် ဦးစံသာအောင်၏ အကူအညီဖြင့် ရန်ကုန်တိုင်းရှိ ဆာကူရာဆေးရုံုံး၌ ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်ဟု ကိုသန်းထွန်းမောင်က Western News ကိုပြောသည်။

“ ကျွန်တော့်မှာက နည်းနည်းလောက် စိုးရိမ်စရာရှိတယ်ဆိုပြီးတော့ ဆရာဝန်ကြီးက မခွဲခင်မေးတယ်။ ဆရာဝန် ကြီးက မခွဲပေးချင်ဘူး။ အဲဒီတော့ ကျွန်တော်က ပြောတယ်။ ခွဲစိတ်လို့ ကျွန်တော်သေသွားရင်လည်း သေပစေပေါ့။ ခွဲစိတ်မှုသာလုပ်ပေးပါလို့ပြောမှ ဆရာဝန်ကြီးကခွဲစိတ်တာ။ ခွဲပြီးလို့ရန်ကုန်မှာ ၁၃ ရက်ကြာနေခဲ့ရတယ်။ အခုတော့ စစ်ဘေးရှောင်ခစန်းကိုရောက်နေပြီး” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ ကိုသန်းထွန်းမောင်မှာ လက်မောင်းချိုင်းအောက်တွင် ဝင်နေသည့်ကျည်ဆံအား ခွဲစိတ်နိုင်ခဲ့

ခွဲစိတ်မှုမပြုလုပ်တုန်းကဆိုလျှင် ညာဖက်လက်မောင်းချိုင်းအောက်မှာ ကျည်ဆံရှိနေသည့်အတွက် ၎င်းနေရာ တဝိုက်မှ ကိုက်ခဲနာကျင်နေသည့်ဝေဒနာကိုပြင်းပြင်းထန်ထန် ခံစားခဲ့ရသော်လည်း လက်ရှိအချိန်တွင် ကျည်ဆံကိုအပြင်သို့ ခွဲထုတ် နိုင်ခဲ့သဖြင့် မည်သည့်ဝေဒနာကိုမျှမခံစားရတော့ကြောင်း ကိုသန်းထွန်းမောင်ကဆိုသည်။

“ကျည်ဆံရှိတုန်းကဆိုရင် အိပ်ရင်လည်း ဘေးတစောင်းသာအိပ်ရတယ်။ တခါတလေဆိုရင် အဲဒီအနားက အရမ်းကိုကိုက်ခဲလာလို့ မအိပ်ရတဲ့ရက်တွေလည်းရှိခဲ့တယ်။ အခုကတော့ ဘာတစ်ခုမှမဖြစ်တော့ဘူး။ ကူညီပေးတဲ့ ဦးစံသာအောင်ကို အရမ်းကျေးဇူးတင်ပါတယ်။ သူကူညီပေးလို့ ကျွန်တော်အသက်အန္တရာယ် ကင်းစွာနေထိုင်နိုင်တာ” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ ကိုသန်းထွန်းမောင်မှာ လက်မောင်းချိုင်းအောက်တွင် ဝင်နေသည့်ကျည်ဆံ

ကိုသန်းထွန်းမောင်မှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့တွင် ကျေးရွာသား ၄ ဦးနှင့်အတူ စက်လှေဖြင့် ကျောက်တော်မြို့သို့ထွက်ပြေးလာစဥ် စစ်ကြောင်းတစ်ခု၏ ပစ်ခတ်မှုကိုခံခဲ့ရသဖြင့် ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ကိုသန်းထွန်းမောင် အပါအဝင် မာလာကျေးရွာမှ ဖခင်ဖြစ်သူ ဦးမဲတုတ်ချေ၊ ဦးမြတ်‌ကျော်၊ မောင်စံသိန်းနှင့် ဒေါ်မချေတို့ကို စစ်တပ်ကဖမ်းဆီးပြီး အကြးဖက်ပုဒ်မတို့ဖြင့် တရားစွဲခံရကာ မြောက်ဦးခရိုင် အချုပ်တွင် ၉ လကြာတရားရင်ဆိုင်ခဲ့ရသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ ကိုသန်းထွန်းမောင်မှာ လက်မောင်းချိုင်းအောက်တွင် ဝင်နေသည့်ကျည်ဆံအား ခွဲစိတ်နိုင်ခဲ့

၎င်းတို့ ၅ ဦးမှာ ယခုနှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် တစ်ခြား ၁၁ ဦးနှင့် အတူ မြောက်ဦးခရိုင်တရားရုံးမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်