Western News
test1

ပုဏ္ဏားကျွန်း အထက်မြက်လှဲ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများ ပြတ်လပ်


Western News- အောက်တိုဘာ ၂၇ ရက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြက်လှဲ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြက်တောက်မှုနှင့်ကြုံနေရပြီး နေအိမ်တစ်ချို့ပါ ပျက်စီးနေကာ အရေးပေါ်ပြုပြင်ရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများ က ပြောသည်။

အဆိုပါ အထက်မြက်လှဲစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ်မှ ခမောင်း၊ ပိန်းချောင်း၊ ကင်ပိ၊ မီးချောင်းခိုး၊ တဲဝ၊ လီကွီ့၊ ငစိုင်းရိုင်း၊ ပလဲကိုင်း၊ ပညာကြီးနှင့် ပုဏ္ဏာကျွန်းမြို့နယ်မှ အဝပြင်နှင့် ဆင်သည်ကြီး ကျေးရွာတို့မှ အိမ်ထောင်စု ၁၃၇ စုမှ လူဦးရေ ၆၅၄ ဦးခန့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကတည်းက ခိုလှုံရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် လူနေအိမ် ၃၀ ခန့်ပျက်စီးနေမှုများရှိပြီး စခန်းအတွင်းမှာ နေအိမ်များကို ပြုပြင်ရန် အကူအညီများလိုအပ်နေသည်ဟု စခန်းတာဝန်ခံဦးဖြူသာအောင်က Western News ကိုပြောသည်။

“အဓိက အခက်တွေကတော့ မီးဖိုချောင်းသုံးပစ္စည်းတွေပြက်တောက်နေတာတွေရှိပါတယ်။ ဆန်ကတော့ လူကယ်ပြန်က အနည်းငယ် လစဉ်ထောက်ပံနေတာတွေရှိတယ်။ ကျွန်တော်တို့မှာ ကြက်သွန်၊ ဆီ၊ဆား၊ ငရုပ်၊ ငပိ၊ ဟင်းချို့မုန့် တို့လိုမီးဖိုချောင်သုံးစားသောက်ကုန်တွေပြက်တောက်နေတယ်။ အရင်က လူမှုအဖွဲ့အစည်းတွေက လာရောက်လှူဒါန်းတာတွေရှိနေလည်း ၂၀၂၁ ခုနှစ် နှစ်စပိုင်းကတည်းက လာရောက်တာတွေမရှိတော့ဘူး။ နောက်ထပ် လူနေအိမ် ၃၀ လောက်ပျက်စီးနေတာတွေရှိတယ်” ဟုပြောသည်။

လက်ရှိတွင် လက်ရှိတွင် နေရပ်အသီးသီးမှ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်များ နေရပ်ပြန်ချင်သော်လည်း မိုင်းအန္တရာယ်စိုးရိမ်းမှုများရှိနေပြီး နေရပ်ပြန်ရပ်အတွက် အစိုးရက တစ်စုံတစ်ရာ ထောက်ပံ့မှုမရှိလျှင် နေရပ်ပြန်ရန်ခက်ခဲ့သည်ဟု သူကဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့အကြား ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၂ သိန်းကျော် တိမ်းရှောင်ခဲ့ရသည်။ လက်ရှိအချိန်တွင်လည်း စစ်ဘေးရှောင် ၈ သောင်းကျော်ခန့် နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်ကြဆဲဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်