ဓနိဖူးလဖက်ခြောက်
test1

ရခိုင်ထုတ်ကုန်တစ်ခုဖြစ်သည့် အုန်းဖူးခြောက်(ဓနိဖူးခြောက်) ကို ဝယ်ယူသောက်သုံးသူများပြားလာ


Western News – အောက်တိုဘာ၊ ၃၁ ရက်

ရခိုင်တွင် အုန်းဖူးခြောက်(ဓနိဖူးခြောက်) ကို ၂၀၂၀ ခုနှစ်က ပြည်နယ်အတွင်း ထုတ်လုပ်မှုရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် ဝယ်ယူသောက်သုံးသူများပိုများပြားလာကြောင်း အုန်းဖူးခြောက်(ဓနိဖူးခြောက်) ရောင်းချနေသူများ မှ ပြောသည်။

ယခင် ကုန်ပစ္စည်းအား ဝယ်ယူရောင်းချသည့် ကိုယ်စားလှယ်များမှာ မြို့နယ် ၃ မြို့နယ်လောက်သာရှိခဲ့သော်လည်း လက်ရှိတွင် ရခိုင်ရှိမြို့နယ်အားလုံးနီးပါးတွင် အရောင်းကိုယ်စားလှယ်များရှိလာပြီဖြစ်ကြောင်း လခြမ်းမြွီ အုန်းဖူး ခြောက်(ဓနိဖူးခြောက်) ထုတ်လုပ်ရောင်းချသူ ဒေါ်အေးစန္ဒာဌေး မှပြောသည်။

ဓနိဖူးခြောက်အား ပါးပါးလှီးပြီး အခြောက်လှန်းထားပြီးပုံ

“ထုတ်ကုန်ကို ယုံကြည်စိတ်ချပြီး ဝယ်ပြီးသုံးတဲ့သူတွေပိုများလာတယ်။ အရင်က ပစ္စည်းဝယ်ရောင်းတဲ့ ကိုယ်စား လှယ်အရေအတွက်က မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော အဲ့ဒီဖက်တွေမှာလောက်ပဲရှိတာ။ ခုက ကျောက် တော်၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ တွေမှာလည်းရှိလာတယ် နောက်ပြီး မလေးရှား၊ ထိုင်း၊ စင်္ကာပူ ဘက်တွေက ကိုယ့်လူမျိုးတွေကလည်း ကိုယ်စားလှယ်တွေယူနေကြပြီ” ဟုပြောသည်။

ကုန်းကြမ်းကိုမူ ယခင်ဝယ်ယူသည့် ရသေ့တောင်နယ်ဘက်မှသာ ဝယ်ယူမည်ဖြစ်ပြီး တခြားနယ်များမှ တိုးချဲ့ဝယ် ယူရန်မရှိသေးကြောင်း ထုတ်ကုန်ကို FDA(အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး) မှအသိမှတ်ပြုလက်မှတ်ရရှိရန် ဆောင်ရွက်နေကြောင့် သူကဆက်ပြောသည်။

အုန်းဖူးခြောက်(ဓနိဖူးခြောက်) သောက်သုံး၍ ၁၀ နှစ်နီးပါးခံစားခဲ့ရသည့် ဆီးချို၊ သွေးချိုရောဂါများ ပျောက်ကင်း သွားပြီး ဆက်လက်၍လည်းသောက်သုံးလျက်ရှိကြောင်း မင်းပြား ဘူးပင်ကျေးရွာမှ အသက် ၇၅ နှစ်အရွယ် ဒေါ်မသန့် ကပြောသည်။

“ဒီအုန်းဖူးခြောက်ကို လက်ဖက်ခြောက်တွေလိုပဲ ရေနွေးထဲထည့်သောက်တာလေ။ ဒီနှစ်မိုးတွင်းက စသောက်တာ ၁၀ နှစ်နီးပါးခံစားနေရတဲ့ ဆီးချိုသွေးချိုကခုဆိုပျောက်သွားပြီ။ ကျမက အသက် ၇၅ နှစ်ရှိပြီ တော်ရုံရောဂါဖြစ် လာရင်ပျောက်ဖို့မလွယ်တော့ဘူး။ ခုလိုပျောက်သွားတော့ စိမ်ချမ်းသာရတာပေါ့။ ဆက်ပြီးလည်း သောက်နေတုန်း ပဲ” ဟုပြောသည်။

မြောက်ဦးမြို့နယ် ရေအုန်းတော(ဓနိတော) ပေါသည့်ဒေသမှ ဒေသခံတစ်ဦးက အုန်းဖူးခြောက်(ဓနိဖူးခြောက်) အတွက် ကုန်ကြမ်းတင်သွင်းလိုကြောင်း ကုန်ကြမ်းလုပ်ဆောင်သည့် နည်းစနစ်များကိုမူရင်းသိရှိသူများမှ ဖြန့်ဝေ ပေးရန်လိုအပ်ကြောင်းပြောသည်။

ဈေးကွက်သို့ တင်သွင်းရောင်းချရန် ထုတ်ပိုးပြီးပုံ

“ကျနော်တို့ဘက်တွေမှာဆို အုန်းတောတွေကအများကြီးပဲ။ အုန်းမိုးတဲ့သူတွေနည်းလာတော့ အုန်းတောတွေက ဒီအတိုင်း ပစ်ထားကြတာများတယ်။ အုန်းဖူးခြောက် ထုတ်လို့ရတာသိတော့ ကျနော်တို့ ဘက်တွေကလည်း ကုန်ကြမ်းတွေရောင်းချင်တယ်။ ဒါပေမယ့် လုပ်ရတဲ့နည်းစနစ်ကို မသိတော့လုပ်ဖို့ခက်တာတော့။ အရင်လုပ်နေ တဲ့သူတွေက နည်းစနစ်တွေကို ဖြန့်ပေးဖို့လိုတယ်လို့ထင်တယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် အုန်းဖူးခြောက်(ဓနိဖူးခြောက်) ထုတ်လုပ်သူမှာ အနည်းအကျဉ်းသာရှိသေးပြီး သုံးစွဲသူများလာသော်လည်း ကုန်ကြမ်းဝယ်ယူမှု အတိုင်းအတာမှာ ဒေသအခြေနေအရ နည်းပါးနေသေး သည့်အတွက် အုန်းတော (ဓနိတော) ပေါသည့် ဒေသအချို့မှ ကုန်ကြမ်းတင်သွင်းနိုင်ရန် မျှော်လင့်လျှက် ရှိကြသည်။

Western News- WN


ဆက်စပ်စကားလုံများ : #Sittwe
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်