ထန်တလန် မီးဘေးသင့် ပြည်သူများအတွက် ရခိုင်လူငယ်များ အလှူခံ (ဓာတ်ပုံသတင်း)
Western News- နိုဝင်ဘာ၊ ၁ ရက်
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က နေအိမ်များမီးရှို့ခံခဲ့ရသည့် ထန်တလန်မြို့က မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များက စုပေါင်း၍ စစ်တွေမြို့ ကမ်းနားလမ်းတွင် အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းကစ၍ အလှူခံနေကြသည်။
ရခိုင်ပြည်သူများလည်း ယခင်က ယခုကဲ့သို့ သဏ္ဍာန်တူ ဒုက္ခများရောက်ခဲ့ကြ၍ လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် ငွေကြေးကောက်ခံကာ ထောက်ပံ့ပေးဖို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဦးဆောင်လူငယ်တစ်ဦးဖြစ်သူ ကိုသက်ဇင်က Western News ကိုပြောသည်။
Western News- WN