ကျောက်ဖြူတရားရုံး
test1

အကြမ်းဖက်ဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူ ဒေသခံ ၃ ဦးအမှု တရားလိုမှ ရုပ်သိမ်းလွှာတင်ထား


Western News- နိုဝင်ဘာ ၂ ရက်

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စက်သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) ဖြင့်တရားဆိုခံထားရသည့် ကျောက်ဖြူဒေသခံ ၃ ဦးကို တရားလိုဖက်က  အမှုရုပ်သိမ်းလွှာတင်ထားကြောင်းသိရသည်။

တရားစွဲဆိုခံထားရသည့်သူများမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ ဦးသန်းမြင့် (ခ) သန်းမြင့်ရွှေ ၊ ငွေသိန်းအောင် (ခ) လူပျိုအောင်၊ ဘသိန်းရွှေ (ခ) မန်နေဂျာ တို့ဖြစ်သည်။

၎င်း သုံးယောက်အမှုကို စစ်တပ်ဘက်က တရားလို ဗိုလ်ကြီးလင်းမြတ်က အမှုရုတ်သိမ်းလွှာတင်ထားသည့် အတွက် ရုံးထုတ်စစ်ဆေးမူများ မရှိတော့သည် အမှု လိုက်ပါဆောင်ရွက်ပေး နေသည့် ရှေ့နေ  ဒေါ်တင်တင်၀င်း က ပြောသည်။

 “လွန်ခဲ့တဲ့ ၂ ပတ်ခန့်က အမှုကို တရားလိုဘက်က ရုပ်သိမ်းလွှာ တင်ထားတယ်။ ဒါကြောင့် အခုရုံးထုတ်စစ်ဆေးမူတွေ မရှိဘူး။ တရားသူကြီးကို မေးမြန်းတဲ့အခါမှာ ပြည်မ ဘက်ကို အယူတင်သွင်ထားပြီး ဖြစ်ကြောင်းပြောတယ်။ အထက်က ရုပ်သိမ်းလွှာ ကျလာရင်တော့ သူတို့သုံးဦးမှာ လွတ်မှာြဖစ်တယ်” ဟု ပြောသည်။

၄င်းတို့ ၄ ဦးမှာ ဖမ်းဆီးခံရသည်အချိန်  ၂ နှစ်နီးပါးကြာဖြစ်ပြီး မိသားစု့တွေ့ခွင့်မရသည်မှာလည်း ၄ ကျော်လောက်ရှိနေဖြစ်ကြောင်းမိသားစုဝင်များကပြောသည်။

တစ်နေ့ရှာ တစ်နေ့စား ရှာနေရသည်မို့ စား၀တ်နေရေး မှာလည်း အလွန်ခက်ခဲကြောင့် ဖမ်းဆီးတရားရင်ဆိုင်နေရသည့် ဦးဘသိန်းရွှေ၏ ဇနီးသည်  က ပြောသည်။

“အဖမ်းခံထားရတာက တစ်နှစ်ကျော်၊ နှစ် နှစ်နီးပါးရှိနေပြီ၊ ကိုဗစ်‌ရောဂါကြောင့် ရုံးမထုတ်ဘူးလို့တော့ပြောတယ်။ မရှိဆင်းရဲသားတွေဆိုတော့ စားဝတ်နေရေးလည်း အရမ်းခက်ခဲတယ်။ ကျွန်မတို့တွေ ကတော့ အမြန်ဆုံးလွတ်ပေးစေချင်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ခုနှစ် ဇွန်လ ၆ ရက်နေ့က ကပ်သပြေ ကျေးရွာသား ၃ ဦး အပါအ၀င် စုစုပေါင်း ၁၁ ဦးကို ရက္ခိုင်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူမြို့နယ် ၊ သစ်ပုတ်တောင် ဓညဝတီ ရေတပ်စခန်းမှဖမ်းဆီးခဲ့သည်။ ၄င်းတို့ ၁၁ ဦးကို ဖမ်းပြီးနောက် ဗိုလ်ကြီးလင်းမြတ်က တရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံထားရသည့် ကပ်သပြေစုစုပေါင်းကပ်သပြေ ကျေးရွာသား ၁၁ ဦးအနက် ၈ ဦးမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကတည်းက စစ်ကောင်စီက အမှုရုပ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကျောက်ဖြူ#အကြမ်းဖက်မှု
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်