Western News – နိုဝင်ဘာ ၁ ရက်
ဇူလိုင်လ ပထမပတ်ကတည်းက ပိတ်ထားသည့် အခြေခံပညာသင်ကျောင်းများအား ယနေ့ နိုဝင်ဘာ ၁ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ပြီး ရခိုင်ပြည်နယ်တွင်ကျောင်းသားများ ပုံမှန်ပြန်လည်တက်ရောက်ရှိကြသည်။
ရခိုင်ပြည်နယ်တွင် ၂ နှစ်ကျော်ကြာတိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့နယ်အချို့မှ ကျောင်းသားအများစု ကျောင်းတက်ခွင့် မရရှိခဲ့ကြပေ။
ထို့အပြင် ရခိုင်ပြည်နယ် ဂွမြို့နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခုမှ မြို့နယ် ၄၆ မြို့နယ်မှ စာသင်ကျောင်းများအား ဆက်လက်ပိတ်ထားမည်ဟု မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကမှ ထုတ်ပြန်သည်။
Western News-WN