စစ်တွေ ဆွမ်းတော်ကြီးလောင်းပွဲတော်
test1

ဆွမ်းတော်ကြီး လောင်းလှူပွဲအတွက် အရုပ်ကြီး မောင်နှံ စစ်တွေမြို့အတွင်း အလှူလှည့်လည်ကောက်ခံနေ


ဓာတ်ပုံသတင်း

Western News- နိုဝင်ဘာ ၈ ရက်

အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး ဂေါပက အဖွဲ့ ဦးဆောင်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပမည့် ဆွမ်းတော်ကြီး လောင်းလှူပွဲ အတွက် နိုဝင်ဘာလ (၈) ရက်နေ့က စစ်တွေမြို့အတွင်းကို လှည့်လည်ပြီး အရုပ်ကြီး မောင်နှံ နဲ့ အတူ အလှူငွေ ကောက်ခံ ခဲ့ကြသည်။

ဆွမ်းတော်ကြီး လောင်းလှူပွဲ ရှိသည့်အကြောင်းကို  မြို့သူမြို့သားများကို အသိပေးသည့် အနေဖြင့် အလှူငွေ လှည့်လည် ကောက်ခံခြင်းဖြစ်ပြီး ကောက်ခံရရှိထားသည့် အလှူငွေများကို ဆွမ်းတော်ကြီး လောင်းလှူပွဲ နှင့်  ဘုရားကြီး ပြုပြင် မွမ်းမံပြပြင်သည့်နေရာတွင် အသုံး ပြုသွားမည်ဟု ဂေါပက အဖွဲ့ ဥက္ကဌ ဦးမောင်ဒုတ်က Western News ကိုပြောသည်။

အဆိုပါ အလှူငွေကောက်ခံခြင်းအား နိုဝင်ဘာလ (၈) ရက်မှ (၁၀) ရက်နေ့အထိ (၃) ရက်တိုင်တိုင် မြို့ပတ်လှည့်လည် ကောက်ခံမည်ဖြစ်သည်။

ထိုဆွမ်းတော်ကြီး လောင်းလှူပွဲကို ဝင်္ကဘာကွင်းတွင် ပြုလုပ်သွားမည် ဖြစ်ပြီး သံဃာတော်အပါး (၅၅၀) ကို ဆွမ်း လောင်းလှူဒါန်းမည်ဟုသိရသည်။

နှစ်စဥ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ အထိမ်းအမှတ် ဆွမ်းတော်ကြီး လောင်းလှူပွဲကို ပြီးခဲ့သည့် ၂၀၂၀ နှစ်က ကိုဗစ်ဖြစ်ပွါးနေမှုကြောင့် ကျင်းပ နိုင်ခြင်း မရှိပေ။

Western News-WN


ဆက်စပ်စကားလုံများ : #Sittwe
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်