ရခိုင်နယ်စပ်ကုန်သွယ်ရေး
test1

နယ်စပ်ကုန်သွယ်ရေး စခန်း ၂ ခုမှ ကန်ဒေါ်လာ ၂ သန်းနီးပါးကုန်သွယ်နိုင်ခဲ့၊ မောင်တော ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုကျဆင်း


Western News – နိုဝင်ဘာ ၁၈ ရက်

ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ ရွှေမင်းဂံကုန် သွယ်ရေးစခန်း ၃ ခုမှ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့မှ ၃ ရက်နေ့ထိ ကန် ဒေါ်လာ ၂ သန်းနီးပါး ထိကုန် သွယ်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများကပြောသည်။

စစ်တွေမြို့ရှိ ရွှေမင်းဂံကုန်သွယ်ရေးစခန်းမှ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၃ သိန်း ၅ သောင်းကျော်ဖိုး ကုန်သွယ်နိုင်ခဲ့သလို ရွှေမောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှလည်း အောက်တိုဘာ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်း ၆ ထောင်ခန့် ကုန်သွယ်နိုင်ခဲ့သည်တာ ဝန်ရှိသူများက ပြောသည်။

ကညင်ကျောင်းစီးပွားရေးဇုန်ကို လမ်းအဆင်မပြေ၍ပိတ်ထားရပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တွင်ကုန်တစ်စီးထွက်နိုင်ရန်ပင် မလွယ်ကူနိုင်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ယာယီဥက္ကဌ ဦးစံအောင်သိန်းကပြောသည်။

“ကညင်ချောင်းစီးပွားရေးဇုန်က ကုန်သွယ်မှု မလုပ်နိုင်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှုကျဆင်းသွားတယ်။ တောင်ကုတ်ကလည်း ကုန်သွယ်ရေးစခန်းလုပ်ထားတော့ ဒီဖက်ကို အလာနည်းသွားကြတယ်။ ဘုတ်တစ်စီးထွက်နိုင်ဖို့တောင်မလွယ်ကူဘူး။ ငါးခြောက်တို့ ငါးမြစ်ချင်းတို့ကတော့ တင်ပို့မှုရှိပါတယ်”ဟု ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်းစီးပွာရေးဇုန် ၂ ခုတွင် ၁ လလျှင် ပျမ်းမျှအားဖြင့် အမေရိ ကန်ဒေါ်လာ ၁၇ သိန်းဖိုးခန့် ကုန်သွယ်မှူပြုလုပ်နိုင်သည့် ကုန်သွယ်ရေးစခန်းများဖြစ်သည်။

လက်ရှိတွင် ကညင်ချောင်းစီးပွားရေးဇုန်ကို လမ်းအဆင်မပြေ၍ ပိတ်ထားသည့် အတွက် မောင်တောကုန်သွယ် ရေးစခန်းနှင့် ရွှေမင်းဂံ နှစ်ခုသာ ကုန်သွယ်မှုလုပ်လျက်ရှိသည်။

ကညင်ချောင်းစီးပွားရေးဇုန်လမ်းပျက်စီးမှုကို ပြန်လည်ပြုပြင်ရန် ကောင်စီအတွင်းဆွေးနွေးမှုများပြုလုပ်နေသည် ဟု ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Western Newsကို နိုဝင်ဘာ ၁၅ ရက် နေ့ကဖြေဆိုထားသည်။

ရွှေမင်းဂံကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု ပုံမှန်လုပ်ဆောင်လျက်ရှိပြီး ကုန်သွယ်မှူတွင် ရန်ကုန်တိုင်းဖက်မှ ရေချိုငါးများ၊ ငါးမြစ်ချင်းမှာ တင်ပို့မှုအများဆုံးဖြစ်သည်ဟု ရွှေမင်းဂံ ကုန်သွယ်ရေးစခန်း  အတွင်းရေးမှူး ဦးအောင်အောင်ကပြောသည်။

“ပြီးခဲ့တဲ့ လကတော့ ၁၃ သိန်းကျော်ဖိုးကုန်သွယ်နိုင်ခဲ့တာပေါ့။ ဒီလမှာတော့ ကုန်သွယ်မှုပမာဏကို လကုန်လောက်မှ သိရမယ်။ အဓိကကတော့ ငမြစ်ချင်းကို တင်ပို့တယ်။ တင်ပို့ကုန်အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ ရန်ကုန်တိုင်းဖက်ကလာတဲ့ င/မြစ်ချင်းပေါ့”ဟုပြောသည်။

ရခိုင်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ပြည်မဖက်မှတင်ပို့လာသည့် ရေချိုငါးများ၊ ဇီးဇို၊ ဂျင်း၊ ကြက်သွန်နီ တို့ကို အဓိကပို့ဆောင်ပြီး ရခိုင်မှထွက်ကုန်ကို တင်ပို့မှုမရှိဟု ၎င်းကပြောသည်။

ကုန်သွယ်ရေးစခန်းများကို ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့ကတည်းက ကိုဗစ်တတိယလှိုင်းကြောင့်ပိတ်ထားခဲ့ရပြီး အောက်တိုဘာ ၁၃ ရက်တွင် ပြန်လည်ဖွင့်ကုန်သွယ်နေကြခြင်းဖြစ်သည်။

Western News- WN

ဓါတ်ပုံ ကိုသန်းဝင်း


ဆက်စပ်စကားလုံများ : #Sittwe
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်