ထိုင်းနိုင်ငံတွင် အိုမီခရွင်ဗိုင်းရပ်စ် ကိုဗစ်မျိုးစိပ်ကွဲ စတင်တွေ့ရှိ
test1

ထိုင်းနိုင်ငံတွင် အိုမီခရွင်ဗိုင်းရပ်စ် ကိုဗစ်မျိုးစိပ်ကွဲ စတင်တွေ့ရှိ


ထိုင်းနိုင်ငံတွင် အိုမီခရွင်ဗိုင်းရပ်စ် ကိုဗစ်မျိုးစိပ်ကွဲ စတင်တွေ့ရှိWestern News-ဒီဇင်ဘာ ၆ ရက်ထိုင်းနိုင်ငံတွင် စပိန်နိုင်ငံမှ ရောက်လာသည့် အသက် ၃၅ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသား တစ်ဦးထံမှ အိုမီခရွင်ကိုဗစ်မျိုးစိပ်သစ် စတင်တွေ့ရှိကြောင်း နိုင်ငံတကာ သတင်းဖော်ပြချက်များအရ သိရသည်။ ၎င်းမှာ ထိုင်းနိုင်ငံသို့ နိုဝင်ဘာ ၂၉ ရက်နေ့က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး စပိန်နိုင်ငံတွင် ၁ နှစ်ကြာနေထိုင်ခဲ့သူ ဖြစ်သည်။ထိုအမျိုးသားမှာ ရောဂါလက္ခဏာ အနည်းငယ်သာပြရှိပြီး ကျန်းမာလျက်ရှိကာ ၎င်းနှင့် ဆက်စပ်သည့် ပုဂ္ဂိုလ်များအား ဆက်လက် စစ်ဆေးနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းကျန်းမာရေးအရာရှိ ပြောကြားချက်အရ သိရသည်။အိန္ဒိယနိုင်ငံတွင်လည်း ယခုလ ဒီဇင်ဘာ ၂ ရက်နေ့က စတင်ပြီး အိုမီခရွင် ဗိုင်းရပ် ကူးစက်ခံထားရသူ ၂ ဦး စတင်တွေ့ရှိခဲ့ပြီး ယမန်နေ့အထိ ၂၁ ဦးထိ စစ်ဆေးတွေ့ရှိကြောင်း အိန္ဒယသတင်းများအရ သိရသည်။အိုမီခရွင်ဗိုင်းရပ်စ်မှာ တောင်အာဖရိကတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး ကိုဗစ်မျိုးစိပ်ကွဲအသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထုတ်ပြန်ထားသည်။


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်