ဗိုလ်ချုပ် ထွန်းမြတ်နိုင်
test1

ကြည့်မြင်တိုင်သပိတ် စစ်ကောင်စီမှ ကားဖြင့်ဝင်တိုက်သည့်လုပ်ရပ်အား AA မှ ပြင်းပြင်းထန်ထန်ရှုတ်ချ


ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် ပြုလုပ်သည့်ငြိမ်းချမ်းစွာဆန္ဒပြပွဲတွင် စစ်ကောင်စီမှ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များအား ကားဖြင့်ဝင်ရောက် တိုက်သတ်မှုပြုလုပ်ခဲ့ခြင်းကို ရက္ခိုင့်တပ်တော် AA က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သည်။အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်ကားဖြင့် ဆန္ဒပြနေသည့်လူငယ်များကို တိုက်သတ်ခဲ့ပြီး ၄င်းလူငယ်များအား စစ်ကောင်စီတပ်သားများက ရိုက်နှက်ဖမ်းဆီးခဲ့သည်။ အဆိုပါလုပ်ရပ်အပေါ် ရက္ခိုင့်တပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုလုပ်ရပ်သည် စက်ဆုပ်ရွှံရှာဖွယ်ဖြစ်ကြောင်း ၄င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။ “စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းတဲ့ လူသားစားလူရိုင်းတွေရဲ့လုပ်ရပ်မျိုးကို လူ့အသက်ပဓာနမထားဘဲ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လိုက်တာပဲ။ ဘယ်လိုနည်းနဲ့မှ မှန်တယ်လို့ ပြောလို့မရနိုင်ဘူး” ဟု ဒီဇင်ဘာ ၅ ရက် ညနေပိုင်း တွစ်တာအကောင့်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စစ်ကောင်စီမှ ကားဖြင့်တိုက်သတ်ခဲ့ရာ ဆန္ဒပြသူများထဲမှ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် အကြမ်းဖက်ဖမ်းဆီး ခံရမှုတို့ရှိခဲ့သည်။အဆိုပါ လုပ်ရပ်အပေါ် လက်နက်မှမရှိသည့် ဆန္ဒပြလူငယ်တွေကို မြန်မာစစ်တပ်ကရည်ရွယ်ချက်ရှိရှိနှင့် သတ်ဖြတ်ခြင်းသည်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။“ဘာလက်နက်မှမရှိတဲ့ဆန္ဒပြလူငယ်တွေကို မြန်မာစစ်တပ်ကရည်ရွယ်ချက်ရှိရှိနှင့် သတ်ဖြတ်တာဟာရာဇဝတ်မှု ကျူးလွန်တာပဲ။ ဒါဟာယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ ဘယ်လိုမှလက်မခံနိုင်တဲ့ ဆိုးဝါးတဲ့အကြမ်းဖက်မှုဖြစ်တယ်ဗျ”ဟုပြောသည်။အဆိုပါ ဖြစ်စဉ်တွင် ကားဖြင့်တိုက်သတ်ခံရမှု သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံရမှုတို့ကြောင့် လူငယ် ၅ ဦးသေဆုံး မှုရှိခဲ့ပြီး ဖြစ်စဉ်အား လာရောက်သတင်းယူသည့် MPA မှ သတင်းထောက် ၂ ဦးအပါအဝင် အမြောက်အမြားဖမ်းဆီးခံခဲ့ရကာ ထိုအထဲမှ ရုပ်သံသတင်းထောက်မှူးတစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့် အခြေနေတွင် ရှိနေသည်ဟု သိရသည်။ဆန္ဒပြမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဖက်မှ ဆန္ဒပြမှုဖြိုခွဲစဉ်တွင် အသက်သေဆုံးသူများမရှိခဲ့ဘဲ ထိခိုက်ဒဏ်ရရသူများကို စစ်ဆေးရုံတွင် ဆေးကုသပေးနေသည်ဟု ထုတ်ပြန်သည်။

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်