test1

တရုတ်အာကာသယာဉ် အပိုင်းအစများ ရခိုင်ပင်လယ်ပြင်သို့ ကျနိုင်၊ ငါးဖမ်းမထွက်ဖို့ သတိပေးထား


တရုတ်နိုင်ငံမှ လွှတ်တင်သည့် Spaceflight အကာသယာဉ်မှ မလိုအပ်သည့် အပိုင်းအစများမှာ မြန်မာ့ရေပိုင်နက်တို့တွင် ဒီဇင်ဘာ ၆ ရက်မှ ၁၆ ရက်အတွင်း ကျရောက်နိုင်ခြေရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်သည်။ထိုနေ့များတွင် ကျရောက်နိုင်သည့် အချိန်အတိုင်းအတာမှာ နံနက် ၅ နာရီခွဲမှ ညနေ ၈ နာရီခွဲအတွင်း ဖြစ်နိုင်ခြေရှိပြီး မြေပြင်မှ အမြင့်ပေ အကန့်သတ်မရှိကျရောက်နိုင်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ကျရောက်မည့်ဧရိယာမှာ သံတွဲလေဆိပ် အနောက်တောင် ရေမိုင် ၁၈ မိုင်၊ မာန်အောင်လေဆိပ်၏ အနောက်တောင် ရေမိုင် ၂၈ မိုင်နှင့် ပုသိမ်လေဆိပ် အနောက်တောင် ရေမိုင် ၆၁ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အောက်တွင် ကျရောက်နိုင်ကြောင်းဖော်ပြထားသည်။အဆိုပါ Spaceflight အပိုင်းအစမှာ ယခင်ကလည်းကျရောက်ခဲ့ရာ ဘေးထွက်ဆိုးကျိုးအနေဖြင့် ၎င်းနေရာနှင့်အနီးပတ်ဝန်းကျင် ဒေသတစ်ဝိုက်တွင် ငါးအထွက်နှုန်းလျော့ကျသွားသည် ဟု သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှုးဦးထွန်းသိန်း ကပြောသည်။” ဒီအပိုင်းအစကျမယ် ဆိုတာ အထက်ကသတိပေးစာရောက်တယ်။ ဒါကြောင့်ကျနော်တို့ အဲ့ဒီအနီးတစ်ဝိုက်နေရာတွေကို ငါးဖမ်းမထွက်ဖို့ သတိပေးထုတ်ပြန်ထားတယ်။ ဒါကအရင်ကလည်း ကျဖူးတယ်။ ဆိုတော့ အဲဒီအရာကျတဲ့နေရာဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ငါးဖမ်းသမားတွေရဲ့ပြောပြချက်အရ ငါးအထွက်နှုန်းကျသွားတယ်။ အရင်တုန်းကရတဲ့ ပမာဏမျိုးမရတော့ဘူးပေါ့” ဟုပြောသည်။အဆိုပါအပိုင်းအစမှာ နေရာသတ်မှတ်၍ချခြင်း ဟုတ်မဟုတ် အသေးစိတ်ကိုမသိရှိကြောင်း ယခင်ကျရောက်ခဲ့သည့်နေရာများအားလည်း စစ်ဆေးမှုတစ်စုံတစ်ရာမပြုလုပ်၍ တစ်ခြားဖြစ်ပျက်မှုများကို သိရှိနိုင်မှုမရှိဟု သူကဆက်ပြောသည်။အစိတ်အပိုင်းကျရောက်၍ ထိခိုက်မှုတစ်စုံတစ်ရာရှိပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အကြောင်းကြားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တရုတ်မှလွှတ်တင်သည့် အကာသယာဉ်မှ ယခုကဲ့သို့ အစိတ်ပိုင်းများ ကျလာခြင်းမှာ ယခင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းနှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းကလည်းတစ်ကြိမ် ရခိုင့်ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့မှုရှိခဲ့သည်။Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်