test1

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၀ ရက်နေ့ စတင်ကျင်းပသွားမည်ဟု စစ်ကောင်စီ ကြေညာ


၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့်မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထုတ်ပြန်သည်။ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဒီဇင်ဘာလ ၄ ရက်နေ့က ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်သံမှ ဒီဇင်ဘာ ၄ ရက်နေ့ ည ‌၈ နာရီ သတင်းမှာ ကြေညာခဲ့သည်။၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို‌ ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလာသည့်အတွက် ကျောင်းများကို ပိတ်ထားခဲ့ပြီး ၃ လ အကြာနိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပုံမှန်ပညာသင်နှစ်အတွက် တစ်နှစ်တာ ပညာသင်ကာလဟာ ၉ လ ကျော် ရှိသော်လည်း ယခုနှစ်ပညာသင်နှစ်တွင် ပညာသင်ကာလ ၆ လနှင့် ကျောင်းသား‌၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်‌ ဖြေဆိုရမည် ဖြစ်သည်။ ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်‌ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အတွင်း လျှောက်ထားရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။


ဆက်စပ်စကားလုံများ : #စစ်ကောင်စီ#မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်