Travel ban Omicron
test1

အိုမီခရွန်ကို တိုက်ဖျက်ဖို့ ခရီးသွားခြင်းအား ကန့်သတ်ခြင်းသည် နည်းမှားဖြစ်



ဘာသာပြန်ဆောင်းပါး

Western News-ဇန်နဝါရီ ၄ ရက်

တရုတ်နိုင်ငံက ဝူဟမ်လို့ခေါ်သည့် မြို့တစ်မြို့တွင် အဆုတ်အအေးမိရောဂါ ကူးစက်ပျံ့သည့် ဗိုင်းရစ်ပ်တစ်မျိုး ပျံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၉ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက်နေ့မှာထုတ်ဖော်ပြောပြခဲ့သည်။ ယင်းနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ ပထမဆုံးအနေဖြင့် မြို့တော်တွေကိုပိတ်ပင်လိုက်ရပြီးနောက် နိုင်ငံများစွာနှင့် တစ်ကမ္ဘာလုံးကို ကန့်သတ် ပိတ်ပင်လိုက်ရသည်အထိဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် ၂ နှစ်တာအတွင်းမှာ လူသားအားလုံးသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း သင်ခန်းစာကောင်းကောင်းရထားလိုက်ကြသည်။ ကမ္ဘာတစ်ဝှမ်းလူများ၏သွားလာလှုပ်ရှားမှု ပေါင်းစုံမှာ မတ်စ်တပ်ခြင်း၊ လူမှုအလှမ်းကွာဝေးနေထိုင်ခြင်းများ အမူအကျင့်များနှင့်အတူ ဗိုင်းရပ်စ်ပျံ့နှံ့ ကူးစက်ခြင်း ကိုတွန်းလှန်တိုက်ထုတ်နိုင်သည့် ထိရောက်သော ခုခံကာကွယ်ဆေးများစွာတို့ ထိုးနှံခြင်းတို့အား မြင်တွေ့ခဲ့ရပြန်သည်။ သို့ရာတွင် ခေတ်သစ်ကမ္ဘာကြီးအတွင်း အချိန်အကြာကြီးခရီးသွားလာခြင်းကို ပိတ်ပင်တားဆီးခြင်းသည် ပြဿနာတစ်ရပ်အဖြစ် ကျန်နေဆဲပင်ဖြစ်သည်။

ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက မျိုးဗီဇပြောင်း အိုမီခရွင်ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှု အာဖရိကတိုက်တွင် စတင်တွေ့ရှိကြောင်းကြေငြာခဲ့ပြီးနောက် အာဖရိကတိုက်နိုင်ငံများမှ ဝင်ရောက်လာခြင်းကိုပိတ်ပင်ခြင်း၊ ခရီးသွားလာကန့်သတ်ခြင်း နှင့် ဟိုတယ်ကော်ရတိန်း (ဟိုတယ်တွင်တည်းခိုယင်း စောင့်ကြည့်ခံရခြင်း) များကိုမဖြစ်မနေချမှတ်ခဲ့ကြသည်။ အစ္စရေးနှင့် ဂျပန်နိုင်ငံများအနေဖြင့် နယ်စပ်မှ နိုင်ငံခြားသားများဝင်ရောက်လာခြင်းအား ကန့်သတ်ပိတ်ပင်ခဲ့ကြပြီး တစ်ဖက်မှာ ပြန်လည်ဖြေလျော့မှုများ တဖြည်းဖြည်းနှင့်စတင်လာခဲ့သည့် စင်ကာပူ၊ တောင်ကိုးရီးယားနှင့် ထိုင်းနိုင်ငံတို့သည် ရုတ်တရက်ဆိုသလို စိတ်ပြောင်းလဲကာ ပိတ်ပင်တားဆီးမှုများပြန်လည်စတင်ခဲ့ကြသည်။ ခရီးသွားသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အရာများကို နယ်စပ်ဖြတ်ကျော်များမရှိသည့် ဥရောပတိုက်မှ ချန်ဂမ်ဒေသများပင် ပိတ်ပင်ခြင်းများ တဆင့်ပြန်လည်အသက်ဝင်လာခဲ့ကြသည်။

အမှန်မှာတော့ နိုင်ငံတော်တော်များများတွင် ကိုဗစ်ဗိုင်းရပ်စ်ပိုး သို့မဟုတ် မျိုးဗီဇပြောင်းပိုးများကူးစက်မှုများရှိနေသေးသည့်တိုင်အောင် ခရီးသွားလာခြင်းကို ကန့်သတ်ပိတ်ပင် တားဆီးမှုများရှိနေခြင်းက ပုံမှန်အလေ့အကျင့်ကဲ့သို့ပင်ဖြစ်နေပြီး ဦးတည်ရာမဲ့ ဖြစ်နေပြီ၊၊ ပြင်သစ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဗြီတိန်မှခရီးသွားအဝင်ကို အိုမီခရွန်အကြောင်းပြချက်ဖြင့် မလိုအပ်ဘဲကန့်သတ်လိုက်သည့်အချိန်တွင် ဒေသတွင်း နေ့စဉ် လူ (၅၀၀၀၀) ၅ သောင်းကျော် ပျဉ်းမျှကူးစက်ခြင်းခံနေရပြီး ပြီးခဲ့သည့် နှစ်အစောပိုင်းက ဒေလ်တာရောဂါပိုးကူးစက်မှုပြင်းအားလိူင်းထန်ခဲ့ချိန် ထက် (၁၀) ရာခိုင်နှုန်းခန့် ပိုမိုကူးစက်မှုမြန်ဆန်လာခြင်းလည်းဖြစ်သည်။

ယင်းကဲ့သို့ ခရီးသွားလာခြင်းကို ပိတ်ပင်လိုက်ခြင်းမှာ ဒေသတွင်းလူမှု စီးပွါးရေးဖွံ့ဖြိုးမှု ကိုအနှောက်အယှက်ဖြစ်ရုံမှအခြားမရှိဘဲ ကပ်ရောဂါကူးစက်မှုကို အထူးတလည် ပြောင်းလဲ ခြင်းလည်းမရှိခဲ့ကြောင်းတွေ့ နေရသည်။

အခုအချိန်မှာခရီးသွားခြင်းကန့်သတ်ပိတ်ပင်မှုများကတော့ အပိုသက်သက်ဖြစ်လာခဲ့ပြီးလက်တွေ့မှာ အလုပ်မဖြစ်ကြောင်းပိုသိသာလာသည်၊၊ နိုင်ငံတစ်ချို့အနေဖြင့် သူတို့နိုင်ငံ၏ နိုင်ငံသားများ၊ မိသားစုဝင်များ၊ သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မဖြစ်မနေအရေးကြီးသော စီးပွါးရေးလုပ်ငန်းကိစ္စရပ်များသာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခြင်း ပြုခြင်းသည်လည်း အင်မတန်နည်းပါးလွန်းသည်။ ခရီးသွားလာခြင်းအားအချိန်ကြာမြင့်စွာ ပိတ်ပင်ကန့်သတ်ထားခဲ့သည့် သြစတြေးလျ နှင့် နယူးဇီလန်နိုင်ငံများသည်ပင် ယင်းကဲ့သို့ မလွတ်ကင်းနိုင်ခဲ့ဘဲ သူတို့နိုင်ငံသားများနှင့် ကျန်ကမ္ဘာ့နိုင်ငံကိစ္စရပ်များကို ချိပ်ဆက်လုပ်ဆောင်ရာတွင် ကုန်ကျစရိတ်ကြီးမားခဲ့သည်၊၊ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်ကာလတလျှောက်ပြည်ပရောက် သြစတြေးလျနိုင်ငံသားများအဖို့ ပြည်ဝင်ခွင့်ရရန် ကုန်ကျစရိတ်ကြီးမားခဲ့ပြီး အထူးသဖြင့် ဟိုတယ်ကော်ရတိန်းဝင်ရာတွင် ကုန်ကျခဲ့သည့်စရိတ်များနှင့် လေကြောင်းစီးနင်းလိုက်ပါခြင်းများအတွက် ကုန်ကျစရိတ်များပြားခဲ့ကြောင်းဆိုသည်။

အမှန်တော့ကိုဗစ် ၁၉ ကပ်ရောဂါမှ နလန်ထူနိုင်ဖို့ဒေသတွင်း ပြင်းထန် တင်းကြပ်သည့်စည်းမျဉ်းစည်းကမ်းများကို ပြန်လည်အသက်သွင်း ချမှတ်ထားဖို့တော့လိုအပ်သည်။ သြစတြေးလျ နိုင်ငံသားများအား ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း နယ်စပ်ဖြတ်ကျော်ခြင်းမပြုခဲ့ဘဲ မလ်ဘုန်းမြို့တောအား ၂၀၂၁ ခုနှစ်အတွင်း ရက်ပေါင်း၂၆၂ ရက်တာ လော့ဒေါင်း ပိတ်ပင်ခဲ့သည်၊၊

ယင်းသို့ပေါ်လစီများချမှတ်ထားခြင်းက နိုင်ငံသားများ၏ အသက်ပေါင်းများစွာကို ကာကွယ်နိုင်ပေမယ့် စီးပွါးရေးအရ ယိုပေါက်များစွာဖြစ်ပေါ်ခဲ့သည်ဟုဆိုနိုင်သည်။ အမှန်တော့ နိုင်ငံ့ဒီမိုကရေစီဘက်တော်သားအနည်းစုကသာ အဆိုပါမူဝါဒများကို မျက်ကွယ်ပြုဖို့ဆန္ဒရှိသည်၊၊  

အမှန်လက်တွေ့တွင် ကိုဗစ်လုံးဝကင်းစင်ရေး (ဇီးရိုးကိုဗစ်) ပေါ်လစီကိုချမှတ်ထားသော တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာ ယင်းသို့ တင်းကျပ်သည့် ပေါ်လစီ မူဝါဒများကို ချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါတရုတ်နိုင်ငံမှာ မကြာသေးခင်က ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုများပိုမိုများပြားလာ၍ ယင်းသို့ချမှတ်ခဲ့ခြင်းဖြစ်သည်၊၊ လူဦးရေ ၁၃ သန်းကျော်နေထိုင်သော ဇီယမ်မြို့တွင် ဒီဇင်ဘာလအတွင်း နေ့စဉ်လူတစ်ရာခန့် ကိုဗစ်ကူးစက်နုန်းများမြင့်တက်လျက်ရှိခြင်းကြောင့် ပြင်းပြင်းထန်ထန် ပိတ်ပင်ကန့်သတ်မှုများ ချမှတ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မကြာခဏဆိုသလို ထူထပ်ပြောများလွန်းသော လူဦးရေများ အတွက်  ကိုဗစ်စစ်ဆေးမှုများပြုလုပ်ကာ လူပေါင်း သုံးသောင်း ကျော်အား ဟိုတယ်ကော်ရတိန်း ဝင်စေခဲ့သည်၊၊ ယင်းသို့ချမှတ်မှုများသည် တရုတ်နိုင်ငံတွင် တွင်ကျယ်လာခဲ့ပြီးလူအများအပြားကသူတို့၏ ဘေးကင်းလုံခြုံမှုများအတွက် ပြင်းထန်သော မူဝါဒများကိုလက်ခံခဲ့ကြသည်၊၊ အိုမီခရွန်ကူးစက်ပျံ့နှံ့မှုများပြားလာသော  တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ခြင်းပေါ်လစီ (ဇီရိုးကိုဗစ်) သည်လက်တွေ့တွင် ရေရှည်ထိတောင့်ခံနိုင်စွမ်းရှိ/မရှိကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

ကျန်ကမ္ဘာ့နိုင်ငံတစ်ချို့မှာ အစိုးရများအနေဖြင့် ကုန်ကျစာရိတ်သက်သာပြီး ပိုမိုထိရောက်သည့် ပေါ်လစီများကိုချမှတ်ရန်ချဉ်းကပ်လျှက်ရှိပြီး အထူးသဖြင့် ကာကွယ်ဆေးများနှင့် ဘိုစတာခုခံအားတိုးမြှင့်ကာကွယ်ဆေးများ ထိုးရန်တိုက်တွန်းနေချိန် မလိုက်နာသည့်နိုင်ငံသားအချို့နှင့် ထိပ်တိုက်တွေ့လျှက်ရှိသည်၊၊ အဆိုပါနိုင်ငံ နှစ်နိုင်ငံမှာ နိုင်ငံတွင်းအိုမီခရွန်ဗိုင်းရပ်စ်ပိုးများ ကူးစက်ပျံ့နှံ့နေချိန်မှသာ အာဖရိကတောင်ပိုင်းမှ ခရီးသွားများအား အဝင်ကန့်သတ်ချက်များကို ပိတ်ပင်တားဆီးလိုက်သည်၊၊ အမေရိကန်နိုင်ငံအနေဖြင့် ကိုဗစ်စမ်းသပ်ပြီး ကိုဗစ်ပိုးကင်းရှင်းမှသာ ခရီးသွားခြင်းပြုသည့်အနေအထားကို ကျုံးသိမ်းလိုက်သည်၊၊ ထို့အတူဗြိတိန်နိုင်ငံအဖို့ ပြည်ပမှ ဝင်ရောက်လာသူများအား နှစ်ရက်အတွင်းကိုဗစ်ပိုးစမ်းသပ်စစ်ဆေးခြင်းနှင့် ကိုဗစ်ပိုးကင်းရှင်းအောင်ထိ တစ်ကိုယ်တည်း သွားလာကန့်သတ်နေထိုင်ခြင်းကို ချမှတ်ထားသည်၊၊ နောက်ဆုံးတွင် အဆိုပါကန့်သတ်မှုပေါ်လစီများချမှတ်ခြင်းသည် နိုင်ငံတွင်းကြုံတွေ့နေရသည့် လက်တွေ့ပြဿနာများကို အတိုင်းအတာတစ်ခုထိ လျော့ချနိုင်မည်ဖြစ်သည်၊၊

ဇန်နဝါရီလ ၁ ရက်နေ့ထုတ် The Economist စာစောင်ပါ Keep Moving: Travel bans are usually the wrong way to curb Omicron ကို မောင်မိုးသက် (စစ်တွေ) ဘာသာပြန်ဆိုသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်