ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး
test1

၂ လကျော်အတွင်း နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁၁ သန်းကျော်ကုန်သွယ်နိုင်ခဲ့၊ မြန်မာငွေ ၃၈၂ သန်းကျော် အခွန်ရရှိခဲ့ဟုဆို


Western News – ဇန်နဝါရီလ ၃ ရက်

ရခိုင်ပြည်နယ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ရွှေမင်းဂံ ကုန်သွယ်ရေးစခန်း ၂ ခုမှကုန်သွယ်မှု ပြန်လည်ပြုလုပ်သည့် ၂ ကျော်အတွင်း အမေရိကန်ကန်ဒေါ်လာ ၁၁.၁၁၅ သန်းကုန်သွယ်နိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ကပြောသည်။

နယ်စပ်ကုန်သွယ်ရေးပြန်လည် ဖွင့်လှစ်သည့် အောက်တိုဘာ ၁၃ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ၂ လကျော် အတွင်းတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၄.၄၄၄ သန်းနှင့် ရွှေမင်းဂံကုန်သွယ်ရေးစခန်း မှ ကန်ဒေါ်လာ ၆.၆၇၁ သန်းကုန်သွယ်နိုင်ခဲ့သည်ဟု ယနေ့ ဇန်ဇဝါရီ ၃ ရက်နေ့တွင် ပြည်နယ်ဥပဒေချုပ်ရုံး၌ ပြုလုပ် သည့် သတင်စာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် စစ်ကောင်စီ၏ ပြောခွင့်ရသူ ပြည်နယ်ဦးပဒေချုပ် ဦးလှသိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၄.၄၁၃ သန်းနှင့်တင်သွင်းကုန်တန်ဖိုး ၀.၀၃၁ သန်းကုန်သွယ်နိုင်ခဲ့သလို စစ်တွေရွှေမင်းဂံ ကုန်သွယ်ရေစခန်းမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၆.၆၅၀သန်းနှင့် တင်သွင်း ကုန် ၀.၀၂၁သန်းတင်ပို့နိုင်ခဲ့ပြီး ယင်းထဲမှ အခွန်တွေအဖြစ် မြန်မာငွေကျပ် ၃၈၂.၆၁၀သန်းရရှိခဲ့သည်ဟု ပြည်နယ် ဥပေဒေချုက်ဦးလှသိန်းကပြောသည်။

“နယ်စပ်ကုန်သွယ်မှုတွေက နိုဝင်ဘာ ၁၃ ရက်နေ့မှပြန်ဖွင့်လို့ ရပြီလို့ အထက်ကအကြောင်းကြားစာရောက်ပေမယ့် ၄ ရက် ၅ ရက်လောက်နေမှကုန်သွယ်ကြတာပါ။ ကုန်သွယ်မှုပမာဏကတော့ မောင်တောနယ်စပ်ကုန်သွယ် ရေးစခန်းကနေပို့ကုန်၊ သွင်းကုန် ဒေါ်လာ၄.၄၄၄ သန်း ကုန်သွယ်ခဲ့ပြီးတော့ ရွှေမင်းဂံကုန်သွယ်ရေးစခန်းကတော့ ဒေါ်လာ၆.၆၇၁ သန်းကုန်သွယ်နိုင်ခဲ့တယ်။ အဲ့ဒီကုန်သွယ်မှုကနေ နိုင်ငံတော်အခွန်ငွေကျပ် ၃၈၂.၆၁၀ သန်း ရရှိခဲ့တယ်” ဟု ပြောသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းများကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ကိုဗစ်တတိယအတွင်း ဇူလိုင်၁၅ ရက်နေ့က ယာယီ ပိတ်ထား ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်မှုများပြန်ဖွင့်ပြီး တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်ဖက်သို့ တစ်လထက်တစ်လ ကုန်သွယ်မှုပမာဏ တိုးလာနေသည်။ ယင်းသို့ ကုန်သွယ်မှုပမာဏ တိုးလာခြင်းမှာ တစ်ဖက်နိုင်ငံက ဝယ်လိုအားကောင်းနေသည့်အတွက် ဖြစ်သည်ဟု မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်း ဒုဥက္ကဦးအောင်စံသိန်းကပြောသည်။

“ပြီးခဲ့တဲ့ အောက်တိဘာ လကကျတော့ ဒေါ်လာ ၁၅သိန်းဖိုးလောက်ကုန်သွယ်နိုင်တယ်။ ဒီဇင်ဘာ လမှာကျတော့ ၂၀ သိန်းကျော်ဖိုးလောက်ကုန်သွယ်နိုင်တယ်ဆိုတော့ကုန်သွယ်မှုပမာဏတွေ တိုးလာတာပေါ့။ ကုန်သွယ်မှု ပမာ ဏ တွေတိုးပေမယ့် ကုန်စည်စီးဆင်းမှု များလာတဲ့အခါ စျေးနှိမ်ကြတာတွေရှိတယ်။ အဲ့ဒါကြောင့် ဒီဖက် ကုန်သည် တွေကလည်း စျေးနှိမ်တော့ စျေးပြန်ကောင်းတဲ့အခါ တင်ပို့မယ်ဆိုပြီး ပစ္စည်းတွေကို ဒီတိုင်းထားထားကြတာတွေ လည်းရှိတာပေါ့” ဟုပြောသည်။

နယ်စပ်ကုန်သွယ်မှုများမှာ မီးဖိုချောင်သုံးကုန်ပစ္စည်းဖြစ်သည့် ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူအပါအဝင် လူသုံး ကုန်ပစ္စည်း ဖိနပ်၊ ကော်ဖီ၊ မျက်နှာသစ်ဆေးတို့အပြင် တစ်ခြား အသုံးအဆောင်ပစ္စည်းများစွာတင်ပို့ပြီး ဘင်္ဂလား ဒေ့ရှ်ဖက်မှ ပလစ်စတစ်ပစ္စည်းများအဓိကတင်သွင်းသည်ဟုသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရခိုင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်