Mrauk U
test1

မြောက်ဦး မြို့ဝင်ပေါက်အနီး ဆိုင်ကယ်ဆင်းတွန်းရမှုနှင့် စစ်ဆေးမှုတို့ မပြုလုပ်ရန် ဒေသခံများလိုလားနေ



Western News – ဇန်နဝါရီ၊ ၅ ရက်
ရခိုင်ပြည်နယ် မြောက်ဦးမြို့ဝင်ပေါက်အနီးတွင်ရှိသည့် ၅၄၀ တပ်ရင်း ဂိတ်ရှေ့မှ ဖြတ်သန်းသွားလာသူများမှာ ဆိုင်ကယ်ဖြင့်ဆိုလျှင် ဆင်းတွန်းသွားရခြင်းနှင့်ကားများဖြင့်ဆိုလျှင် စစ်ဆေးမေးမြန်းခြင်းတို့ရှိနေကြောင်း ဒေသခံများကပြောသည်။

၄င်းဂိတ်တွင် ည ၆ နာရီကျော်လျှင် ဖြတ်သန်းသွားလာခွင့်လည်းပိတ်ထားသည့်အတွက် အဆိုပါအချိန်တွင် နာရေးကိစ္စများ တစ်ခြာအရေးပေါ်ကိစ္စများ ကူညီလုပ်ဆောင်ရန်လိုအပ်လာသည့်အခါ အခက်ခဲဖြစ်ရသည်ဟု မြောက်ဦးမြို့ ရတနာပါလ နာရေးကူညီမှူအသင်းမှ ရုံးအုပ်ကြီး ကိုသန်းထွန်း ကပြောသည်။

“ ဆိုင်ကယ်တွေဆိုရင်တော့ တွန်းသွားရတယ်။ ကားတွေဆိုရင်တော့ ပါလာတဲ့ ခရီးသည်တွေကိုစစ်တယ်။ ဒီလိုလုပ်နေတာတော့ တော်တော်ကြာပါပြီ။ ကျနော်တို့ နာရေးကူညီမှုကားတွေဆို သူတို့က တစ်ခြားကားတွေထက်ပိုစစ်တယ်။ ည ၆ နာရီကျော်ရင်လည်း ဂိတ်ဖြတ်ခွင့်မပေးတော့ဘူး။ အဲ့အချိန်တွေမှာ လိုအပ်ချက်ဖြစ်လာရင်အခက်ခဲဖြစ်တာပေါ့။ အဲဒါကြောင့် အခု သူတို့သတ်မှတ်ချိန်ကျော်ရင် ကျနော်တို့ အဲ့ဘက်တွေကိုမသွားတော့ပါဘူး” ဟုပြောသည်။

မြောက်ဦး ၅၄၀ တပ်ရင်းရှေ့ ဆိုင်ကယ်များ ဆင်းတွန်းနေရ

တိုက်ပွဲကာလည်းမဟုတ်တော့သည့်အတွက် ယခုကဲ့သို့ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေခြင်းကို ရပ်တန့်သင့်ပြီဖြစ်သည်ဟု မြောက်ဦးဒေသခံတစ်ဦး ကပြောသည်။

“ ကျနော်တို့က တိုက်ပွဲတွေဖြစ်တဲ့ကာလတုန်းကလည်း ဘယ်နေရာသွားသွား အစစ်ဆေးအမေးမြန်းခံရတယ်။ ကိုယ့်မြို့တွင်းကတစ်နေရာသွားမှာကိုတောင် လုံခြုံမှုရှိတယ်လို့မခံစားခဲ့ရတဲ့အထိ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေရှိခဲ့တယ်။ အခုက တိုက်ပွဲတွေလည်းရပ်တန့်နေတာလည်းကြာပြီ။ အဲ့ဒါကြောင့် ပြည်သူတွေဖက်ကိူလည်း ငြဲ့ ပီး ခုလိုစစ်ဆေးမေးမြန်းမှုတွေကိုမလုပ်သင့်တော့ဘူးလို့ မြင်တယ်”
၅၄၀ တပ်ရင်းဂိတ်တွင် ယခုကဲ့သို့ပြုလုပ်နေမှုမှာ လူ့ဂုဏ်သိက္ခာကို ညိုးနွမ်းမှုဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကိုဖြစ်စေသည်ဟု မြောက်ဦးမှ လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသူ ကိုဇော်ထွန်း ပြောဆိုသည်။

မြောက်ဦးမှလူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေသူ ဦးနေကျော်မိုးကလည်း နှစ်ဖက်တိုက်ပွဲများမရှိတော့သည့်အချိန်မျိုးတွင် ပြည်သူလေးစားတန်ဖိုးထားသည့်အနေဖြင့်သော်လည်ကောင်း လူ့အခွင့်ရေးအရသော်လည်းကောင်း ယခုကဲ့သို့ပြုလုပ်နေမှူများကို ရပ်တန့်သင်ပြီဟု ပြောသည်။

မြောက်ဦး ၅၄၀ တပ်ရင်းရှေ့ ဆိုင်ကယ်များ ဆင်းတွန်းနေရ

မြောက်ဦး မြို့ဝင်ပေါက်ထွက်ပေါက် အနီးရှိ ၅၄၀ တပ်ရင်းဂိတ်တွင် ဆိုင်ကယ်များဆင်းတွန်းသွားရခြင်းနှင့် ညနေ ၆ နာရီဖြတ်သန်းသွားလာခွင့်ပိတ်ခြင်းတို့မှာ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ် တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့စဉ်ကစ၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရအချိန်ထိ ဆက်ရှိအချိန်အထိရှိနေဆဲဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

Western News-WN


ဆက်စပ်စကားလုံများ : #မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်