COVID-Coronavirus-Variant-Illustration
test1

မြန်မာနိုင်ငံတွင် အိုမီခရွန်ပိုးကူးစက်ခံရသူ ၁၂ ဦးထပ်တိုးတွေ့ရှိ


Breaking News

Western News-ဇန်နဝါရီ ၇ ရက်

မြန်မာနိုင်ငံသို့ Relief Flight ဖြင့် ပြန်လည်ရောက်ရှိလာသည့် သူများထဲမှ အိုမီခရွန်သံသယဖြစ်ဖွယ်ရှိသည့် တို့ဖတ် နမူနာ ၂၂ ခုအား စစ်ဆေးကြည့်ရာမှ ၁၂ ဦးတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ဇန်နဝါရီ  ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

၎င်းတို့ ၁၂ ဦးမှာ မြန်မာနိုင်ငံသား ၁၁ ဦးနှင့် နိုင်ငံခြားသား ၁ ဦးတို့ ဖြစ်ကြပြီး ယူအေအီးနိုင်ငံမှ ဝင်ရောက်လာသူ ၈ ဦး၊ မလေးရှားနိုင်ငံမှ ၃ ဦးနှင့် အိန္ဒိယနိုင်ငံမှ ၁ ဦးတို့ ဖြစ်ကြသည်။

ပိုးကူးစက်ခံထားရသူများကို သတ်မှတ်ထားသည့် ဆေးရုံကြီးများတွင် ကုသလျက်ရှိပြီး သူတို့နှင့်အတူ လေကြောင်းခရီးစဥ်တွင် ပါလာသည့် သူများကို အသွားအလာများ ကန့်သတ်ထားရှိကာ ဓာတ်ခွဲ စမ်းသပ်မှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ပါရှိသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကိုဗစ်မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး ကူးစက်ခံရသူ ၄ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဌာနက ပထမဆုံးအကြိမ် ထုတ်ပြန်ကြေငြာခဲ့သည်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်