test1

AA မှာ မိသားစုဝင် ညီအစ်ကိုများဖြစ်ကြောင်း ရခိုင်ဝန်ကြီးချုပ်ပြော


Western News- ဇင်သန့်
ဇန်နဝါရီ ၄ ရက်

ရက္ခိုင့်တပ်တော် AA မှာ မိမိတို့၏ ညီအကို၊ မိသားစုဝင်များဖြစ်ပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိသားစုစိတ်ထားကာ အပြန်အလှန်လေးစားမှုဖြင့် လုပ်ဆောင်စေလိုကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ယနေ့ကျရောက်သည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအပြီးတွင် ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို မီဒီယာများ မေးမြန်းမှုအပေါ် ယင်းသို့ဖြေကြားခဲ့ ခြင်းဖြစ်သည်။

ကိုယ့်ညီကိုတွေဗျာမိသားစုတွေပဲ အားလုံးချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ ကိုယ့်ဒေသဖွံ့ဖြိုးဖို့ ကိုယ့်လူမျိုးတွေ တိုးတက်ဖို့အတွက် ကြိုးစားလုပ်စေချင်တာပေါ့။ အားလုံးတစ်ယောက်နဲ့ တစ်ယောက် သဘေားထားကြီးကြီးနဲ့ မိသားစုစိတ်ဓာတ်နဲ့ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်လေးစားမှုနဲ့ လုပ်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ လုပ်ကြစေချင်ပါတယ်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု

ယင်းအပြင် ဝန်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ၅ နှစ်သက်တမ်းအတွင်း မိမိလုပ်ဆောင်နိုင် သရွေ့ လုပ်ဆောင်ခဲ့ရသည့်အတွက် ကျေနပ်မှုရှိကာ နိုင်ငံတော်ရည်မှန်းချက်များ ရာနှုန်းပြည့် မဆောင်ရွက် နိုင်ခဲ့သည့်အပိုင်း၌ အားရကျေနပ်မှုမရှိကြောင်းလည်း ဆိုသည်။

အားမရတဲ့ အပိုင်းကတော့ အခုနိုင်ငံတော်က ရည်မှန်ထားတဲ့ ရည်မှန်းချက်တွေ ရာနှုန်းပြည့် မဆောင်ရွက် နိုင်တဲ့အပိုင်းမှာတော့ လိုအပ်ချက်တွေရှိမှာပေါ့။ အဲဒီအပေါ်မှာလည်း ဆက်ပြီးတော့ကြိုးစားရမှာပေါ့။ ဆက်ပြီးတော့ လုပ်စရာတွေအများကြီးကျန်သေးတယ်။ ဒါကလည်း ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဒီနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် လိုအပ်ချက်တွေက မြောက်များစွာရှိပါတယ်

ယနေ့ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် နိုင်ငံသူနိုင်ငံသားများ ရခိုင် ပြည်နယ်သူပြည်နယ်သားများ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် ကိုဗစ် ၁၉ ဘေးကနေကင်းဝေးပြီး လုံးပျော်ပျော် ရွှင်ရွှင်ဖြင့် နေနိုင်ကြစေကြောင်းလည်း ဝန်ကြီးချုပ်ကပြောဆိုခဲ့သည်။

Western News- WN


ဆက်စပ်စကားလုံများ : #U Nyi Bu#ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်