DMG
test1

Development Media Group ၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ


Western News – ဇန်နဝါရီ ၉ ရက်

ရခိုင်ပြည် အခြေစိုက်မီဒီယာတစ်ခုဖြစ်သည့် Development Media Group ၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နေ့လည်ပိုင်းက စစ်တွေမြို့ NEW WORLD ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မီဒီယာအသိုင်းအဝန်းနှင့် ဖိတ်ကြားထားသည်  ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ လူပုဂ္ဂိုလ်များ ၁၀၀ ဝန်းကျင်လောက် တက်ရောက်ခဲ့ကြသည်။

Development Media Group (DMG) သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ထိုင်း၊ မြန်မာ နယ်စပ်တစ်နေရာတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်မြန်မာပြည်တွင်းသို့ပြန်လည်ဝင်ရောက်လာခဲ့သည်။

၂၀၁၄ခုနှစ်တွင် ရခိုင်ပြည်၌ အခြေချကာ ၂ ပတ်တစ်ကြိမ်ဂျာနယ်နှင့် နေ့စဉ်သတင်းများအား အွန်လှိုင်းကနေတစ်ဆင့် တင်ဆက်ပေးခဲ့ပြီး လက်ရှိတွင်လည်း အပတ်စဉ်ရုပ်သံသတင်းအစဉ်အစီများ၊ နေ့စဉ် အွန်လှိုင်း ရေဒီယိုများထုတ်လွှင့်နေသလို မြန်မာနိုင်ငံပြည်တွင်းသတင်းများနှင့် နိုင်ငံတကာသတင်းများအား အချိန်နှင့်တပြေးညီ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် တင်ပြလျှက်ရှိသည်။

Development Media Group ၁၀ နှဈသကတြမြးတဈလွှောကတြှငြ စိနခြေါမြှုဖှဈသည့ြ နညြးပညာ အခကခြဲမွား နှင့ြ  ငှကှေေး အခကအြခဲမွားရငဆြိုငခြဲ့ရကှောငြး DMG တာဝနရြှိသူမွားကပှောသညြ။ မီဒီယာလှတလြပခြှင့ြ ဖိနှိပမြှုမွားရှိနသေောလြညြး  သတငြးမီဒီယာ လုပငြနြးအားရှေ့ဆကပြှီး တဈစိုကမြတမြတြ လုပဆြောငသြှားမညဟြု တာဝနခြံအယဒြီတာ ကိုမိုးဇောမြှင့ကြ Western News ကိုပှောသညြ။

ပြီးခဲသည့် ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့က အယ်ဒီတာချုပ် ဦးအောင်မင်းဦးနှင့် သတင်းဌာနအား မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၂ ဖြင့် သတင်းရဲတပ်ဖွဲ့ (SB)က တရားစွဲဆိုထားသလို၊ ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် မနှင်းနွယ်တို့အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ (က)တို့ဖြင့် စစ်တွေမြို့အမှတ်(၂) ရဲစခန်း၌ စစ်တပ်က တရားစွဲဆိုခဲ့သည်။

ထို့အပြင် မောင်တော အခြေစိုက် DMG သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၀ရက်နေ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

အဆိုပါ တရားစွဲဆိုခြင်းများမှာ မီဒီယာဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ခြင်းဖြစ်သလို မီဒီယာလုပ်ငန်းထဲသို့ဝင်မည့် လူလတ်ပိုင်းနှင့် လူငယ်ပိုင်းတို့အတွက် အဟန့်အတားးများဖြစ်စေသည်ဟု တာဝန်ခံအယ်ဒီတာကိုမိုးဇော်ကဆက်ပြောသည်။

Development Media Group ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နေ့ သို့ Western News သတင်းဌာနမှ သဝဏ်လွှာပေးခဲ့သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ရခိုင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်