သဲချောင်း ဈေး
test1

သဲချောင်း၊ သက္ကယ်ပြင်နှင့် မေယုလမ်းတစ်လျှောက်ရှိ လမ်းဧရိယာအတွင်းကျူးကျော်များကို ဖယ်ရှားမည်ဟု ပြည်နယ်ကောင်စီပြော


Western News-

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မေယုလမ်းမကြီး တစ်လျှောက်နှင့် သဲချောင်း၊ သက္ကယ်ပြင်ဘက်တို့တွင် လမ်းဧရိယာအတွင်း ကျူးကျော်နေရာယူထားမှုတို့အား ဖယ်ရှားရန်လုပ်ဆောင်နေသည်ဟု ရခိုင်ပြည်နယ်ကောင်စီ ကပြောသည်

။ထိုသို့ဖယ်ရှားရန် လက်ရှိခရိုင်အုပ်ချုပ်ရေးပိုင်းအား တာဝန်ပေးထားပြီးဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇန်နဝါရီ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ အခု ခရိုင်အုပ်ချုပ်ရေးကိုတာဝန်ပေးထားပြီ မေယုလမ်းဘေးတစ်လျှောက်ကကျူးကျော်တွေကို ဆက်ရှင်းဖို့ပေါ့။ ဒီ့အပြင် သဲချောင်း သက္ကယ်ပြင်ဘက်တွေက လမ်းဧရိယာတွေထဲမှာ ရှိနေတဲ့ကျူးကျော်ဆွေကိုလည်း ရှင်းပါမယ်။ ဒါတွေလုပ်တာကလည်း အများအတွက်လုပ်တာပဲဖြစ်တယ်။ လမ်းက ဗဟိုကနေ တစ်ဖက်ကို ၇၅ ပေစီရှိရမှာ အခုက ၂၅ ပေတောင်မရှိတဲ့နေရာတွေရှိတယ်”

ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း

၎င်းအပြင် စစ်တွေမြို့ဥပဓိရုပ်နှင့် ကိုက်ညီမှုမရှိသည့် လမ်းဘေးရှိ ဓနိမိုး တဲအိမ်များ၊ ဗီနိုင်းကာထားခြင်းများကို တာဝန်ယူရှင်းလင်းသွားရန်ရှိသည်ဟု သူကဆက်ပြောသည်။

ဖယ်ရှားရန်စီစဉ်နေသည့် လမ်းဧရိယာအတွင်းမှ ကျူးကျော်နေရာများအား Western News မှသွားရောက်၍ မေးမြန်းကြည့်ရာ ယခုကဲ့သို့ ဖယ်ရှားမည့် ကိစ္စနှင့်ပတ်သက်၍ မသိရှိသေးကြောင်း ၎င်းတို့ထံသို့လည်း အကြောင်းကြားမှုတစ်စုံတစ်ရာ ရောက်ရှိလာမှုမရှိသေးဟု သဲချောင်းဘက်မှ လမ်းဧရိယာအတွင်း ဈေးဆိုင်ရောင်းချနေသည့် မွတ်ဆလင်များကပြောဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းတွင်လည်း စစ်တွေမြို့ အဝေးပြေးကားဂိတ်အနီးရှိ ကျူးကျော်ဆောက်လုပ်ထားသည့် လမ်းဘေးဈေးဆိုင်များကို မြို့နယ်စည်ပင်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဖြိုဖျက်ခဲ့ကြသည်။

Western News-WN


ဆက်စပ်စကားလုံများ : #မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်