Aung San Suu Kyi
test1

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အမှု (၃) မှု အတွက် ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်


Western News-ဇန်နဝါရီ ၁၀ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အမှုများထဲမှ အမှု (၃) မှု အတွက် ယနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ထောင်ဒဏ် (၄) နှစ် ချမှတ်ခံလိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူများမှ အတည်ပြုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီမှ မတရားစွဲဆိုထားသည့်အမှုများထဲမှ ပို့ကုန်သွင်းကုန်အမှုအတွက် ထောင်ဒဏ် ၂နှစ် နှင့် ဆက်သွယ်ရေးအမှုအတွက် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ပြီး တစ်ပေါင်းတည်း ကျခံရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် စွဲဆိုထားသည့်အမှုအတွက် ထပ်မံ၍ ထောင်ဒဏ် (၂) နှစ်ထပ်မံ ချမှတ်ခံလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမှု (၃) မှုအတွက် ထောင်ဒဏ် (၅) နှစ် ချမှတ် ခံလိုက်ရသော်သည်း တရားရုံးက တပေါင်းတည်း ကျခံရန် ဆုံးဖြတ်ထားသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၄) နှစ်သာ ကျခံ ရမည်ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ယခင်က အမိန့် ချမှတ်ထားသည့် အမှု (၂) မှု အတွက် ထောင်ဒဏ် (၄) နှစ်ကို (၂) နှစ်သာကျခံဖို့ စစ်ကောင်စီက ကြေညာထားသည့်အတွက် ယခု အမှု (၃) မှုနှင့် ပေါင်းပါက စုစုပေါင်း ထောင်ဒဏ် ( ၆) နှစ် ကျခံရမည် ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက မတရားစွဲဆိုထားတဲ့အမှုပေါင်း ၁၂ မှု အထိရှိပြီး ယင်းအမှုတွေထဲက အမှု (၅) မှု အတွက် အပြီးသတ် အမိန့်ချပြီးဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွဲဆိုထားတဲ့ အမှုများအားလုံးသည် နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြစ်သည်။

Western News -WN

ဓာတ်ပုံ-AFP


ဆက်စပ်စကားလုံများ : #အောင်ဆန်းစုကြည်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်