test1

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် ယခုလ ဒုတိယအပတ်အတွင်း ဆွေးနွေးရန် အစိုးရဖက်မှအဆိုပြု


Western News – အောင်စိုး
ဇွန်နဝါရီ ၄ ရက်

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ယခုလ ဇန်နဝါရီလ ဒုတိယအပတ်တွင် တွေ့ဆုံဆွေးနွေးရန် အစိုးဘက်မှ အဆိုပြုထားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့PCG မှ ဦးလမိုင်ခွန်ဂျာက Western News သို့ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမည့် မဏာမ အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းအဆိုကို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ထံသို့ အစိုးရမှ စာပေးပို့့ထားပြီဖြစ်သော်လည်း တွေ့ဆုံဆွေးနွေးမည့်နေရာ၊ နေ့ရက်တို့ကို မဟာမိတ် ၄ ဖွဲ့ဖက်မှ အကြောင်း ပြန်လာခြင်းမရှိသေးကြောင်း ဦးလမိုင်ခွန်ဂျာက ပြောသည်။

လောလောဆယ်ကတော့ အစိုးရဖက်တွေ့ဆုံဆွေးနွေးဖို့အတွက် အဆိုတင်သွင်းထားတာရှိတယ်။ ဒီအပေါ်မှာ မြောက်ပိုင်းလေးဖွဲ့ကိုလည်းစာပေးပို့ထားတယ်။ ဒါပေမဲ့သူတို့ဖက်ကအကြောင်း ပြန်လာတာ မရှိသေးဘူး။ အကြောင်းမပြန်လာတာကလည်း ခရစ်စမတ်နေ့နဲ့လူကြီးတွေကမစုံသေးတော့လေ။ သူတို့ဖက်ကအကြောင်း ပြန်လာရင်တော့ ဘယ်နေရာ၊ ဘယ်အချိန်တွေ့မယ်ဆိုတာသိရမယ်။ အခုတော့ဘာမှသေချာမသိရသေးဘူး

ဦးလမိုင်ခွန်ဂျာ

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့များမှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KIA )၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဖြစ်သည်။ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်မြို့၌ အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်