cHINA
test1

ဆောင်းရာသီအိုလံပစ် နဲ့ တရုတ် ဇီးရိုး ကိုဗစ် ပေါ်လစီလက်တွေ့မှာ အလုပ်ဖြစ်ပါ့မလား


(ဘာသာပြန်ဆောင်းပါး)

Western News-ဇန်နဝါရီ ၁၂ ရက်

လာမည့်လမှာစတင်မည့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် ကိုရိုနာဗိုင်းရပ်စ် ဘေးကင်းလုံခြုံနိုင်ဖို့ ထိန်းချုပ်ကိုင်တွယ်နိုင်ရန် လိုအပ်တဲ့ လုပ်ဆောင်ချက်များကိုပြင်ဆင်ချမှတ်နေကြောင်း ဘေဂျင်းမှ ပြောကြားလိုက်ပါတယ်။

ဒီတော့ အားကစားပွဲတွေအတွက် ဘာစီစဉ်ထားသလဲ၊ တရုတ်နိုင်ငံရဲ့ “ zero Covid” ‘ကိုဗစ်လုံးဝကင်းစင်ရေး’ မူဝါဒက ဘယ်လောက်ထိ အောင်မြင်ပြီးပြီလဲဆိုတာ မေးစရာမေးခွန်းရှိလာပါပြီ။

တိုကျိုအိုလံပစ်ပြိုင်ပွဲထက်ပိုမိုတင်းကျပ်ထား

တရုတနြိုငငြံအနဖှငေ့ြ ကိုရိုနာဗိုငြးရပဈြပိုးမွားကို မောငြးထုတြိနုငဖြို့ အစှမြးကုနကြှိုးပမြးဆောငရြှကနြပေါတယြ။

တရုတ်အစိုးရအဆိုအရ ပြင်ပနိုင်ငံခြားမှ လာရောက်ပြီး ပွဲကြည့်ခွင့်မရဘဲ ပိတ်ပင်ခံရမှာဖြစ်ပြီး တရုတ်ပြည်မထဲက လူတွေကပဲ အိုလံပစ်ပြိုင်ပွဲကြည့်ခွင့်ရကြမှာပါ။ ဒါ့အပြင်သူတို့တွေလည်း နေအိမ်ပြန်ကြတဲ့အခါ ကော်ရတိန်း (သီးသန့်စောင့်ကြည့်ခြင်း ) ဝင်ရမှာဖြစ်သလို နိုင်ငံတွင်း အခြား ဒေသ တွေက မြို့တော် သို့ ခရီး မ သွား ဖို့ နိုင်ငံသားတွေ ကို အကြံပေးထားပါတယ်။

တရုတ် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲအတွက် အိုလံပစ် စက်ဝိုင်းလုံး ဖန်တီးထားတဲ့ စင်တာထဲကို မီဒီယာတွေ၊ အားကစားသမားတွေ နဲ့ လေ့လာသူတွေ အတွက် မတူညီတဲ့ သီးသန့် သုံးနေရာဖန်တီးထားပြီး အဆိုပါ စင်တာ ထဲ ကို ဝင်ရောက် တဲ့ မည်သူ့ ကို မဆို အပြည့်အဝ ကာကွယ်ဆေးထိုးထားပြီးဖြစ်နေရပြီး သီးသန့် စောင့်ကြည့်ထား ခြင်း ၂၁ ရက် ကြာ ကော်ရတိန်း နေထိုင် ရ မယ်လို့ စည်းမျဉ်း တွေထုတ်ပြန်ထားပါတယ်။ ကိုဗစ်ပိုး စမ်းသပ်ခြင်းကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေရပြီး မတ်စ် နှာခေါင်းစည်းတပ်ဆင်ဖို့ အချိန်ပြည့်လိုအပ်နေပါတယ်။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ စက်ဝန်းစင်တာထဲကအပြင်ကိုမထွက်ရပါဘူး။ ပြင်ပနိုင်ငံခြားကလာတဲ့သူတွေ တရုတ်ပြည်မ ထဲကိုဝင်ရောက်လာတာနဲ့ ချက်ချင်းဆိုသလို စက်ဝန်းစင်တာထဲမှာပဲ နေရမှာဖြစ်ပြီးတရုတ်ပြည်ကပြန်ထွက်ခွါသည့်တိုင်အောင် စက်ဝန်းစင်တာထဲမှာပဲ ရှိနေရမယ်လို့ ဆိုပါတယ်။

စေတနာ့ဝန်ထမ်းတွေ၊ ချက်ပြုတ်သူတွေ နဲ့ ကားဒရိုက်ဘာတွေအားလုံးအပါဝင် ဒေသတွင်းထောက်ပိုးအလုပ်သမားတွေအားလုံးဟာ အိုလံပစ်စက်ဝန်းစင်တာထဲမှာ ပဲနေရမှာဖြစ်သလို မိသားစုဝင်တွေအပါအဝင် အခြားပြင်ပကဘယ်သူနဲ့မဆို လူကိုယ်တိုင်ထိတွေ့ ဆုံလို့ မရပါဘူး။

ဒီစနစ်အနေဖြင့် အိုလံပစ်ပြိုင်ပွဲတစ်ခုလုံးကျင်းပနိုင်ရေးအတွက် ဝန်‌ဆောင်မှုတွေဖြစ်တဲ့ တည်းခိုနေထိုင်တာ၊ ဆေးရုံဆေးပေးခန်းကုသပေးတာ မျိုးအပြင် သယ်ယူပို့ဆောင်တာတွေလဲ ထောက်ပံ့ထားတဲ့စနစ်မျိုးဖြစ်ပါတယ်။ လေယာဉ်ကွင်းတစ်ခုလုံးအလုံပိတ် ပိတ်ထားရမှာဖြစ်ပြီး မြန်နှုန်းမြင့်ရထား စနစ်တွေကိုလည်း ဖန်တီးထားခြင်းဖြစ်တယ်။

အရေးပါတဲ့ အဆောင်နေရာတစ်ချို့ကိုတော့ မြို့တော်ဘေဂျင်းရဲ့ ပြင်ပဖက်မှာထားတယ်လို့ ဆိုပါတယ်။ အိုလံပစ် ဝန်ထမ်း တွေအတွက် သတ်မှတ်ထားသော ယာဉ် များ အားလုံး ကို အရှေ့ဘက် တွင် အထူး အနီရောင် ဆိုင်းဘုတ်များဖြင့် တစ် ခု နှင့် တံဆိပ်ခပ်နိုပ်ထားကာ လူထုအနေနဲ့ ကိုဗစ်ရှောင်နိုင်အောင် သူတို့အဖို့ ယာဉ်မတော်မဆများဖြစ်ခဲ့ရင်တောင် ကိုင်တွယ်ထိစပ်တာမျိုးမလုပ်မိဖို့ ဒေသတွင်းလမ်းမီးပိုင့် တာဝန်ရှိသူတွေကသတိပေးထားပါတယ်။ အမှိုက်သရိုက်တွေကို ရောဂါကူးစက်ခြင်းကာကွယ်နိုင်အောင် ယာယီစုစည်းသိမ်းဆည်းထားတာမျိုးပဲလုပ်ထားမှာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘာတွေဆောင်ရွက်ထားပြီလဲ

တကယ်တမ်းမှာတော့ တရုတ်အစိုးရအနေနဲ့ တရုတ် နိုင်ငံတွင်းကိုဝင်ရောက်လာတဲ့ခရီးသွားတွေနဲ့ ပြင်ပ သို့ ခရီးသွား လာကြတဲ့ နိုင်ငံခြားသား ခြားသားတွေ အတွက် ပြင်းထန်လှတဲ့ ကန့်သတ်ချက်တွေချမှတ် ထား ပြီး ၊ ကူးစက်ကပ်ရောဂါ စတင် ကတည်းက ပြည်တွင်း လှုပ်ရှား မှု အပေါ်မှာကန့်သတ်နေခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

တရုတ် နိုင်ငံ ထဲသို့ ဝင်ရောက် ရန် ခွင့်ပြု ချက် ရရှိထားတဲ့ နိုင်ငံခြား ကဘယ် ခရီးသည် မဆို ရောက် ရှိ လာတာ နဲ့ချက်ချင်း စမ်းသပ် စစ်ဆေး ခံရမှာဖြစ်ပြီး ၊ ဥပဒေအရ အနည်းဆုံး နှစ် ပတ် မဖြစ်မနေကော်ရတိန်း သီးသန့် နေရန် အစိုးရ သတ်မှတ် ထား တဲ့ ဟိုတယ် များ သို့ ပို့ဆောင်ခြင်းခံ ခဲ့ ရတာလည်းဖြစ်ပါတယ်။

နိုင်ငံတကာခရီးသည်အားလုံးဟာ တရုတ်ပြည်တွင်းကမထွက်ခွါမီ ကိုယ်အပူချိန်စစ်ဆေးမှုတွေကို မဖြစ်မနေစမ်းသပ်ခံရမှာလည်းဖြစ်ပါတယ်။

မြို့တော်အတော်များများမှာ ဟိုတယ် သို့မဟုတ် နေအိမ်သီးသန့်စောင့်ကြည့်ခံ ကော်ရတိန်းကို ခုနှစ်ရက်တစ်ပတ်ကြာ လိုက်နာနေထိုင်ရမည်ဖြစ်သလို နောက်ထပ် ခုနှစ်ရက်ဆက်တိုက်လည်း မျက်ခြည်မပြတ်စောင့်ကြည့်ခံရတဲ့ စနစ်တွေကိုလည်းလိုက်နာကျင့်သုံးရပါတယ်။ ဒါ့အပြင် လူမှုတွေ့ဆုံရောနှောချက်တာတင်တွေကိုလည်းတားမြစ်ကန့်သတ်ထားပြီး ဖြစ်သလို ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေကိုလည်း သတင်းပေးပို့ရတဲ့စနစ်တွေလည်း လိုအပ်နေပါတယ်။

တရုတ်အစိုးရအနေဖြင့် အရေးတကြီးကိစ္စမရှိဘဲ ပြင်ပနိုင်ငံကူးလက်မှတ်များအသစ်ထုတ်ပေးခြင်း နဲ့ အသစ်ပြန်လည်သက်တမ်းတိုးသူတွေကို ထုတ်ပေးနေမှုရပ်ဆိုင်းခဲ့ပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံသားတွေအတွက် နိုင်ငံတကာခရီးသွားလာရေးကိစ္စရပ်များကို လျော့ချအောင်အထိလုပ်ဆောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ မြို့တွေကြားမှာ ခရီးသွားလာကူးသန်းမှုတွေကို ထိန်းချုပ်ကန့်သတ်ထားပြီး (တစ်ခါတစ်ရံ အိမ်နီးချင်းမြို့တွေအပါအဝင်) ခရီးသွားလာကူးသန်းဖို့အတွက် တစ်ကိုယ်ရည်သီးသန့်ထားစောင့်ကြည့်ခြင်းကာလကိုလည်း ဥပဒေအရထုတ်ပြန်ထားပြီး သွားလာခွင့်ရဖို့ ခွင့်ပြုချက်တွေလိုအပ်မှာဖြစ်ပါတယ်။

ပွဲတော်ကာလနီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံအဖို့ ကိုဗစ်၁၉ ရောဂါစမ်းသပ် စစ်ဆေးတွေ့ထားတဲ့ မြို့တိုင်းကို လောခ့်ဒေါင့်ပိတ်ပင်လိုက်တာမျိုးစလုပ်လာပါတယ်။ ဇီးမြို့နေထိုင်သူတွေအဖို့ လက်ရှိမှာ လေခ့်ဒေါင့်ပိတ်ပင်လိုက်တာနဲ့ မဖြစ်မနေလိုအပ်တဲ့အသုံးဆောင်တွေကိုစုဆောင်းဝယ်ယူဖို့ လုပ်နေကြရပါပြီ။

သည်ကာလအတိုးအတော ဒေသခံတွေကို ဆေးရုံဆေးခန်းလိုမျိုး အရေးတကြီးသွားဖို့လိုအပ်တဲ့ ကိစ္စရပ်မျိုးမှသာ သွားလာဖို့ ခွင့်ပြုထားပါတယ်။ စည်းမျဉ်း များ ကို ချိုးဖောက် တဲ့ မည်သူ့ မဆို ပြင်းထန် သော ပြစ်ဒဏ် များချမှတ်ခံရမှာဖြစ်ပြီး ဒေသတွင်းမှာ ရဲ နှင့် ဒေသခံ စေတနာ့ ဝန်ထမ်း တွေရဲ့ စောင့် ကြည့် ခြင်း ကို လည်း တိုးမြှင့် လျက် ရှိနေပါတယ်။

အစုလိုက်အပြုံလိုက်နဲ့ ရှောင်တစ်ခွင် စမ်းသပ် စစ်ဆေး ရေး လှုပ်ရှား မှု အတွင်း ကူးစက်ရောဂါ များ ကို တွေ့ ရှိ ခဲ့ ရင်ဒေသခံ တွေဟာ သူ တို့ရဲ့ နေအိမ် များ မှ အချိန်တို အတွင်း နှင်ထုတ်ခံရ နိုင် ပြီး သီးသန့် ထား စောင့်ကြည့်ထားခံရဖို့အတွက် ကော်ရတိန်း စင်တာ အဆောက်အဦး တွေကြီးထံ ပို့ဆောင် နိုင်ပါတယ်။အစားအသောက်ရောင်းချတဲ့ဆိုင်တွေ နဲ့ အခြားမဖြစ်မနေလိုအပ်တဲ့အသုံး အဆောင်ပစ္စည်း ရောင်းချတဲ့ ဆိုင်တွေမှအပ အခြားမလိုအပ်တဲ့ စီးပွါးဖြစ်ဆိုင်တွေကို ပိတ်ပင်ထားရပါတယ်။ တစ်ဆက်တည်းမှာ စာသင်ကျောင်းတွေကိုပိတ်ထားရပြီး လူထု သယ်ယူပို့ဆောင်ရေးယဉ်စနစ်တော်တော်များများ သွားလာကူးသန်းမှုကိုပိတ်ပင်ထားလိုက်ပါပြီ။

ဇီးရိုးကိုဗစ် ဘယ်လောက်အောင်မြင်ပြီလဲ

မျက်မှောက်အခြေအနေမှာ တရုတ်နိုင်ငံအဖို့ ကပ်ရောဂါထိန်းချုပ်ရေးဟာ မထင်မှတ်နိုင်အောင် ထိန်းချုပ်မှု အောင်မြင်ခဲ့ပါပြီ။ Our World Data အချက်အလက်အရ ၂၀၁၉ ခုနှစ်ကုန်ကတည်းကပင် တရုတ်နိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ လေးထောင့်ခြောက်ရာ ဦး ရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ ရှစ်သိန်းသုံးသောင်းကျော် နဲ့ ယူကေမှာ တစ်သိန်းခွဲကျော်ရှိနေခဲ့တယ်လို့ ထုတ်ပြန်ချက်တွေမှာ သိရပါတယ်။

တရုတ် နိုင်ငံ မှာ လူ တစ် သန်း မှာ သေဆုံး သူ သုံး ဦး ဝန်းကျင် ရှိနေချိန်မှာ အမေရိကန် နိုင်ငံတွင်တစ်သန်းမှာ ၂,၅၀၀ နဲ့ ယူကေမှာ ၂,၁၉၀ ခန့် မြင့်တက်နေသည်ထိ နှိုင်းယှဉ် ချက်တွေအရသိရပါတယ် ။ တရုတ်နိုင်ငံတွင်း ကပ်ရောဂါကူးစက်နုန်း လည်းနည်းပါးနေပြီး ကပ်ရောဂါကူးစက်ပြန့်နှံ့နေတဲ့ကာလတစ်လျှောက် ကူးစက်သူစာရင်းတစ်နေ့ကို ၁၅၀ ဦးနဲ့အထက် ရှိတာလည်းရှားပါးလွန်းပါတယ်။

တရားဝင် အချက်အလက် များ ၏ တိကျ မှု နှင့် ပတ်သက် ၍ စိုးရိမ်ကောင်းစရာဖြစ်ခဲ့သော်လည်း ၊ အခြား နိုင်ငံ တွေနဲ့ နှိုင်းယှဉ် ပါက ကူးစက်ရောဂါ နဲ့ သေဆုံး မှု နှုန်း နှစ် ခု စလုံး သည် နိမ့်ကျ ခဲ့ သည် မှာ ရှင်း နေ ပုံ ရ သည် ။ တရုတ် နိုင်ငံ ရှိ အမျိုးသား ကျန်းမာရေး ကော်မရှင် က ၎င်း ၏ လူဦးရေ ၏ ၈၅ ရာခိုင်နှုန်း ကို ယခု အခါ ကာကွယ်ဆေး အပြည့်အဝ ထိုး ထားပြီးပြီ ဟု ပြော ပါတယ်။

တရုတ် နိုင်ငံဟာ ပုဂ္ဂိုလ်ရေး လွတ်လပ်မှု တွေနဲ့ စီးပွားရေး ထိခိုက်မှု မည်သို့ပင် ရှိနေပါစေ (သုည-ကိုဗစ်) ဇီးရိုးကိုဗစ် မူဝါဒ တစ် ခု ကို စွဲကိုင် ရာ တွင် တစ်နိုင်ငံ တည်းသီးသန့် နီးပါး ဖြစ်နေပါတယ်။

ဩစတြေးလျ၊ နယူးဇီလန်နှင့် စင်္ကာပူကဲ့သို့သော အခြားနိုင်ငံတွေကအနေနဲ့လည်း ၂၀၂၁ ခုနှစ်နှောင်းပိုင်း ကိုဗစ်- သုည ပုံစံမျိုး တင်းကျပ်စွာချမှတ်ခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလ်တာ ဗိုင်းရပ်စ် တွေ ကြီးစိုးမှု ကို ထိန်းသိမ်းထားခဲ့ပြီး ဒီနိုင်ငံတွေလည်း သူတို့ရဲ့ ကာကွယ်ဆေးထိုးနှုန်းကို မြှင့်တင်နိုင်ခဲ့ပါတယ်။

ထို နိုင်ငံ သုံး နိုင်ငံစလုံးမှာကိုဗစ်ရောဂါ ဖြစ်ပွား မှု များ မြင့်တက် လာ ခဲ့ သော်လည်း ၊ လုံလောက် တဲ့ ကာကွယ်ဆေးထိုး ခြင်း ဖြင့် ပြင်းထန် တဲ့ ရောဂါ နဲ့ သေဆုံးမှုတွေကို ထိန်းချုပ် နိုင်တဲ့အဆင့်ရောက်မယ်လို့ ယုံကြည်ထား ကြပါတယ်။

တရုတ် နိုင်ငံအဖို့ ဒီလိုမျိုးအခြေအနေမှာ တင်းကျပ် တဲ့ ထိန်းချုပ် မှု တွေ ကို အလွန် လျင်မြန် စွာ ပယ် ဖျက် ခဲ့ ရင်တော့ နေရာ အနှံ့ကူးစက် ဖြစ်ပွား မှု အန္တရာယ် ရှိ နိုင်တယ်ဆိုတာကတော့ စိုးရိမ်စရာကောင်းနေပါတယ်။

ဟောင်ကောင်တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒပညာရှင် ပါမောက္ခ ဘင် ကောလင်းက “ လက်ရှိ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေနဲ့ မျိုးဗဇပြောင်းဗိုင်းရပ်စ်များဟာ တရုတ်ပြည် ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ထွက်ပေါက်လှိုင်းတစ်ခု ဖြစ်ပေါ်လာမည်မှာ သေချာပါတယ်” ဟုမှတ်ချက်ပြုခဲ့ပါတယ်။

ဘီဘီစီသတင်းဝတ်ဘ်ဆိုက်ပါ Winter Olympics: What is China’s Covid policy and does it work ဆောင်းပါးကို မောင်မိုးသက် (စစ်တွေ) ဘာသာပြန်ဆိုသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်