ကိုတင်ထွန်းအောင်
test1

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရသည့် ကိုတင်ထွန်းအောင်အား စစ်တပ်မှ တစ်ဆင့် စရဖ ကခေါ်ဆောင်သွား


Western News

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်အား စစ်တပ်မှ တစ်ဆင့်စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့နံနက်က ခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များကပြောသည်။

ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကို ဒီဇင်ဘာ ၃၀ ရက်နေ့က ပလက်ဝမြို့မရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) အမှုဖွင့်ခဲ့ပြီး ပလကဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် ထိန်းသိမ်းထားခဲ့သည်။ ၎င်းအား ဒီဇင်ဘာ ၉ ရက်ညနေပိုင်းက စစ်တပ်ရဟတ်ယာဉ်ဖြင့် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှ စစ်တွေသို့ ယူဆောင်လာခဲ့သည်။

ကိုတင်ထွန်းအောင် အားစစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာအနီး စစ်တပ်တစ်ခုတွင်ထိန်းသိမ်းထားပြီး ယနေ့နံနက်ပိုင်းက စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ( စရဖ)ကခေါ်ဆောင်သွားပြီး မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရသေးဟု မိသားစုဝင်တစ်ဦးက Western News ကိုပြောသည်။

“ကိုတင်ထွန်းအောင်ကို စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာအနီးက စစ်တပ်တစ်ခုမှာ ထိန်းသိမ်းထားတယ်လို့တော့ ကြားရတယ်။ ဒီနေ့နံနက်ပိုင်းကတော့ အဲဒီ စစ်တပ်ကနေပြီး စရဖ က ခေါ်ဆောင်သွားတယ်လို့သိရတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး”

ကိုတင်ထွန်းအောင်၏ မိသားစုဝင်တစ်ဦး

လက်ရှိတွင် ကိုတင်ထွန်းအောင် အားမည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသလို မိသားစုများနှင့်လည်း အဆက်မရ၍ သူ့၏ အခြေအနေကိုစိုးရိမ်းမှုများရှိကြောင်း မိသားစုများကပြောသည်။

ကိုတင်ထွန်းအောင်အား ထိန်းသိမ်းခဲ့သည့် ပါဒလိပ်ကျေးရွာအနီးတွင် စစ်တပ် ၄ ခုရှိပြီး ၎င်းးတို့မှာ ခမရ ၂၃၂ တပ်ရင်း၊ ခလရ ၃၄၄ တပ်ရင်း၊ လက်နက်ခဲယမ်းနှင့် စစ်တပ်သုံးဆောင်ပစ္စည်းများသိုလှောင်သည့် COD တပ်နှင့် ပညာရေး ၁၀ တပ်တို့ရှိကာ မည်သည့်တပ်ရင်းတွင် ထိန်းသိမ်းထားခဲ့သည်ကို အတိကျမသိရသေးပေ။

ကိုတင်ထွန်းအောင်အား ပလက်ဝမြို့မရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က)ဖြင့် အမှုဖွင့်ခဲ့ပြီး ရမန် ၂ ပတ်ယူခဲ့တွင် ယနေ့တွင် ရမန် ၂ ပတ်ပြည့်မည်ရက်ဖြစ်သည်။

ကိုတင်ထွန်းအောင်နှင့် အတူ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ရုပ်ဝကျေးရွာမှ ဦးတင်ဦးတို့အား အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနတွင် အင်တာဗျုူးဖြေကြားမှုကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့ညနေပိုင်းက ရဲနှင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့က ဦးတင်ဦးအား ဝန်ခံဖြင့် ပြန်လွှတ်လိုက်ကာ ကိုတင်ထွန်းအောင်အား နိုင်ငံတော်အကြည်ညို့ပျက်စေမှု ၅၀၅(က)ဖြင့်အမှုဖွင့်ထားခြင်းဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်