Western News
test1

အိုမီခရွန် BA.2 နှင့် ကိုဗစ်ဆင့်ပွားမျိုးကွဲ ဗိုင်းရပ်စ်ပိုးသစ်အကြောင်း


(ကိုဗစ်ဘာသာပြန်ဆောင်းပါး)
Western News-ဖေဖော်ဝါရီ ၅ ရက်
 
ကူးစက်မြန်ပြင်းထန်လှသော အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်များသည် ကမ္ဘာ့ကူးစက်ရောဂါများ၏ တစ်ဝက်ခန့်ကို နေရာယူထားလိုက်ပြီဖြစ်သည်။
 
သို့သော်အိုမီခရွန်ဆိုသည်မှာ SARS-CoV-2 coronavirus ဗိုင်းရပ်စ်နှင့် ဆက် စပ်နေသည့် မျိုးရိုးများစွာအားလွှမ်းခြုံခေါ်ဝေါ်ခြင်းဖြစ်ပြီး လူသိများသော ဘီအေ-၁ BA.1 မျိုးကွဲတစ်မျိုး ပင်ဖြစ်သည်။
 
ယခုအခါ အထူးသဖြင့် အာရှတိုက်နှင့် ဥရောပတိုက်အတွင်း ကိုရိုနာကိုဗစ်ရောဂါကူးစက်နှုန်း မြင့်မားလျှက်ရှိပြီး ဘီအေ-၂ BA.2 ဟုခေါ်သောနောက်ထပ်မျိုးစိပ်သစ်တစ်ခု၏ မောင်းနှင်အားဖြစ်ကြောင်း အစီရင်ခံစာများအရသိရသည်။ BA.2 သည် ယခင် ကွဲပြား မှု များ ထက် ပို ၍ ကူးစက် နှုန်းမြန်နိုင်ပုံပေါ် သော် လည်း ၊ ၎င်းသည် ပိုမို ပြင်းထန် သည် ဟု အကြံပြု ရန် တိကျသော အချက်အလက် များ မရှိသေးချေ။ သို့ဖြစ်ရာ ယခုအသစ်ပေါ်ထွက်လာသည့် မျိုးကွဲသစ်သည်မည်သည့်အတိုင်းအတာ ထိ စိုးရိမ်ဖွယ်ကောင်းသလဲ ဆိုသည် ကို မေးစရာဖြစ်လာသည်။
 
 
ဘီအေ-၂- BA.2ဆိုသည်မှာဘာလဲ
 
ဗိုင်းရပ်စ်ပိုးများသည် မျိုးကွဲအသစ်များအဖြစ်သို့ ပြောင်းလဲသွားသည်နှင့်အမျှ တစ်ခါတစ်ရံ ဆင့်ပွါး မျိုးကွဲ အဖြစ်အသွင်ကူးသကဲ့သို့ ကွဲခြမ်းသွားသလိုအကိုင်းအခက်ကဲ့သို့ ဖြာထွက်သွားခြင်းများလည်း ရှိတတ်သည်။ ဥပမာ ဒလ်တာမျိုးဗီဇအသွင်းပြောင်းဗိုင်းရပ်စ်ဆိုလျှင် နောက်ထပ်ဆင့်ပွါးမျိုးကွဲပေါင်း ၂၀၀ အထိဆင့်ပွါးမျိုးဗီဇ စိပ်ကွဲအဖြစ်ပါဝင်ခဲ့သည်။ လက်ရှိမှာလည်း အိုမီခရွင်ဗိုင်းရပ်စ်ပိုးလည်း အလားတူကဲ့သို့ အသွင်ကူးပြောင်း BA.2, BA.2, BA.3 နှင့် B.1.1.529 အထိကူးပြောင်းလျှက်ရှိသည်။ ဖြစ်စဉ်အများစုအတွက် BA.1 ဘီအေ-၁ သည်မှတ်တမ်းဝင်နေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ ဇန်နဝါရီ လ ၂၅ ရက်နေ့ကတည်းက ကမ္ဘာလုံးဆိုင်ရာ GISAID ဒေတာဘေ့စ်သို့ တင်ပြထားသော ဗိုင်းရပ်စ်ဒီအဲန်အေ၏ ၉၉% နီးပါးသည် ဤအစိတ်အပိုင်းခွဲဖြစ် ကြောင်းသတ်မှတ်ခဲ့ကြသည်။
 
BA.1 နှင့် BA.2 တို့မှာပုံသဏ္တန်တူညီချင်းဖြစ်သော်ငြားလည်း အသွင်သန္ဓေ ပြောင်းလဲမှုနှစ်ဆယ်ခန့် ကွာခြားနေ သေးသည်။ BA.2အနေဖြင့် မူရင်းမည်သည့်နေရာတွင်စတင်ပေါ်ပေါက်လာခဲ့သနည်း ဆိုသည်ကိုမသိ နိုင်သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဖီလစ်ပိုင်နိုင်ငံမှာစတင်စမ်းသပ်တွေ့ရှိခဲ့ကြောင်းသိရှိရသည်။
 
 
ဘီအေ.၂-BA.2 ဘယ်မှာ ပျံ့နှံ့နေသလဲ
 
ယခုအခါ ကမ္ဘာ့နိုင်ငံ ၅၇ နိုင်ငံတွင် အိုမီခရွန်၏ ဆင့်ပွါးမျိုးစိပ်ခွဲကို တွေ့ရှိခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ ထို့အပြင်နိုင်ငံအချို့တွင် အိုမီခရွန်ပိုးကူးစက်ခြင်းကြောင့်ဖြစ်သော ရောဂါဖြစ်ပွါးသည့် ကိစ္စ တစ်ဝက်ကျော်မှာ BA.2 ဘီအေ-၂ မျိုးစိပ်ခွဲကြောင့်ဟုဆက်လက်ပြောထားသည်။အချို့သောနေရာများတွင် ထပ်လောင်းပွါးသောမျိုးဗီဇအသွင်ပြောင်းကြီးထွားလာမှုမှာစံချိန်တင်လောက်အောင် မြင့်မားလာနေကြောင်း လည်းသိရသည်၊၊
 
ဒိန်းမတ် နိုင်ငံ ၏ စတက်တန် ဆာရမ် တက္ကသိုလ် ( အက်စ်အက်စ်အိုင် ) ၏ အဆို အရ ၊ ဇန်နဝါရီလအတွင်း နိုင်ငံတွင်းကိုဗစ်ရောဂါကူးစက်မှုတစ်ဝက်ကျော်မှာ ဘီအေ.၂ ဆင့်ပွါးမျိုးကွဲဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့အတူ အိန္ဒိယနိုင်ငံသည် ဒလ်တာ ဗိုင်းရပ်စ်ပိုးနှင့် အိုမီခရွန် ဘီအေ-၁ မျိုးကွဲ များနေရာတွင် ဘီအေ-၂ ထပ်ဆောင်းနေရာယူလာသည့် နိုင်ငံဖြစ်ကြောင်း မော်လီကျူး ဇီဝဗေဒ ပညာရှင် ဘီဂျာယာ ဒါကယ်လ်ကပြောကြားခဲ့သည်။ နိုင်ငံတွင်း ပြည်နယ်အများစုတွင်အဆိုပါမျိုးဗီဇကွဲဗိုင်းရပ်စ်များ ကူးစက်နှုန်းလွှမ်းမိုးလျှက်ရှိပြီး ပြီးခဲ့သည့်ကိုဗစ်တတိယလိုင်း ကူးစက်နုန်းများခဲ့စဉ်က ယင်းဗိုင်းရပ်စ်ပိုးများ လွှမ်းမိုးခဲ့သလားဟု ထင်မှတ်ယူစရာရှိသည်။
 
ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာန ( ဒီအိုအိတ်ခ်ျ ) က ၎င်း တို့လက်ခံ ရရှိ ခဲ့ သော နမူနာ များအားလေ့လာ စစ် ဆေးချက်အရ ဘီအေ.၂ ဆင့်ပွါးမျိုးကွဲများသည် ဇန်နဝါရီ လ အကုန်တွင် ပျံ့နှံ့ နေပြီး ဖြစ်သည်ဟု ပြောခဲ့ သည်။ ထို့ပြင် အင်္ဂလန် နိုင်ငံတွင် ၊ ဗြိတိန် ကျန်းမာရေး လုံခြုံရေး အေဂျင်စီ ( UKHSA ) အဆို အရ ၊ ဘီအေ.၂ ၏ အ တည်ပြုထားသောဖြစ်ပွားမှု ၁၀ ကျော် ကို ဖော် ထုတ်နိုင် ခဲ့ ကြောင်းသိရသည် ။ ၎င်းကို ဗြိတိန် ကျန်းမာရေး အာဏာပိုင်များက “ စုံစမ်း စစ်ဆေး နေဆဲတွင် ကွဲပြားမှု ” တစ်ခုဟု သတ်မှတ်ခဲ့ပြီး ၎င်းအပေါ် အနီးကပ် စောင့် ကြည့်နေကြသလို အလွန်အမင်း စိုးရိမ်မှု မရှိကြောင်းဟုလည်းသိရသည်။
ဗြိတိန် ကျန်းမာရေး လုံခြုံ ရေး အေဂျင်စီ ( UKHSA )မှ ကိုဗစ်-၁၉ဆိုင်ရာ ဒါရိုက်တာ ၊ ဒေါက်တာ မီရာ ချန်း ၏ အဆို အရ ၊ ဂျာမနီ နိုင်ငံ တွင် ဘီအေ.၂ ရောဂါ ကူးစက် မှု များ သည် လည်း ဘီ.အေ-၁ နှင့်ဒဲလ်တာ မျိုးကွဲများ ထက်ပို၍ မြန်ဆန် လာ ကြောင်းပြောကြားထားသည်။
 
 
ဘီအေ.၂ BA.2 ကပိုပြီး ကူးစက်နိုင်ပါသလား
 
ဒိန်းမတ်ရဲ့ SSI တွေ့ရှိချက်များအရ အိမ်ထောင်စု ၈၅၀၀ နှင့် လူပေါင်း ၁၈,၀၀၀ ကို လေ့လာမှုတစ်ခုအရ BA.2 သည် BA.1 ထက် ပို ၍” သိသိသာသာ” ကူးစက်နိုင်ကြောင်း သိရသည်။ အဆိုပါ လေ့လာချက်များအရ ဘီ.၂ ဗီဇ ဆင့်ပွါးမျိုးစိတ်ခွဲ သည် ကာကွယ်ဆေး များ ကို ရှောင်ရှားရန် ပိုမို ကောင်းမွန်ကြောင်းသက်သေ အထောက်အထား များကိုလည်း ပြသခဲ့သည်။
 
သို့သော် ကာကွယ်ဆေးထိုးထားသူများသည် ကာကွယ်ဆေးထိုးမထားသူတို့ထက် ကူးစက်ခံရဖို့အကြောင်းနည်း နေဆဲဖြစ်ပြီး ယင်းကို ကျော်ဖြတ်နိုင်ဖို့အကြောင်းအတော်နည်းပါးသည်။
 
ယူကေနိုင်ငံမှ သီးခြားလေ့လာသည့် နောက်ထပ်အဖွဲ့တစ်ခုကလည်း ဘီအေ-၂ သည် ဘီအေ-၁ နှင့်နှိုင်းယှဉ်ပါက ပိုမိုကူးစက်နိုင်စွမ်း မြင့်မားနေကြောင်းလည်းတွေ့ရှိခဲ့သည်။ သို့သော်ပဏာမအကဲဖြတ်လေ့လာ စစ်ဆေး ချက်များအရ ရောဂါကာကွယ်ဆေးများ အနေဖြင့် အသွင်းပြောင်းဆင့်ပွါး ဗိုင်းရပ်စ်များကို ဆေးမတိုး မကွယ်နိုင်သည့် အထောက်အထားများမတွေ့ရှိခဲ့ရသေးပေ။
ဘီအေ.၂ BA.2 က ပိုပြီးအန္တရာယ်ရှိသလား။
 
ဘီအေ.၂ အနေဖြင့် ယခင် အိုမီခရွန် ဗီဇပြောင်း မျိုးကွဲ များ ထက် ပိုမို ပြင်းထန် သော အခြေအနေ ကို ဦးတည်သွားနေသည့် မည်သည့် အချက်အလက် များအခုထိ မ ရှိသေးချေ ။ WHO မှ ဒေါက်တာ ဘိုရစ် ပါဗလင် က ”ဘီအေ-၂ ကူးစက်ပြန့်ပွါးနေတဲ့နိုင်ငံတွေကို ကြည့်လိုက်ပါ။ ကျွန်တော်တို့ထင်ထားတာထက် ဆေးရုံတွေကို အစုလိုက်အပြုံလိုက်တက်ရောက်ကုသလာကြတဲ့သူတွေ အခုထိမတွေ့ရသေးပါဘူး” ဟုပြောကြားခဲ့သည်။
 
ကွန်ပျူတာ စနစ် ဇီဝဗေဒ ပါမောက္ခ နှင့် ယူစီအယ်လ် မျိုးရိုးဗီဇ တက္ကသိုလ် ၏ ဒါရိုက်တာ ၊ ဖရန်ကိုစ် ဘဲလို က တော့ ‘ဘီအေ-၁ နဲ့ ဘီအေ-၂ နှစ်မျိုးစလုံးကတော့ အိုမီခရွင်ရဲ့ မျိုးဗီဇဆင့်ပွါးကွဲ ဖြစ်ပြီး နှစ်မျိုးစလုံးဟာ ကူးစက် မြန်စာရင်းဝင်တွေလို့ ယူဆနိုင်ပါတယ်’ ဟုပြောကြားခဲ့သည်။ လက်ရှိ ကာကွယ်ဆေးများသည် ပြင်းထန် သော ရောဂါ ၊ ကြောင့်ဆေးရုံတင် ခြင်း ၊ နှင့် သေဆုံး ခြင်း တို့ ကို ယခင်မျိုး ကွဲပြား ဗိုင်းရပ်စ် များအားတိုက်ထုတ် ခုခံကာကွယ်နိုင်သ ကဲ့သို့ ပင် အစွမ်းပြနိုင်လိမ့်မည် ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်၊၊
 
ဒေါက်တာ ချန်း က “ ယခု အချိန် အထိ ၊ BA.2 ဟာ Omicron BA.1 ထက် ပိုမို ပြင်းထန် သော ရောဂါ ဖြစ် စေ သလား ဆိုတာ ဆုံးဖြတ် ရန် လုံလောက် တဲ့ သက်သေ မ ရှိသေး ပါ” ဟု ပြောခဲ့သည်။
 
“ ကျွန်တော်တို့ဟာအမြဲတမ်းစောင့်ကြည့်လေ့လာနေရပါမယ်၊၊ဒါ့အပြင် ကာကွယ်ဆေးတွေထိုးရပါမယ်။ ကျွန်တော်တို့အားလုံး LFDs [lateral flow devices] ကိုခံအားခုခံနိုင်ကြောင်းစမ်းသပ်ကြိယာ နဲ့ မှန်မှန်စမ်းသပ်ပြီး ရောဂါလက္ခဏာတွေဖြစ်လာမယ်ဆိုရင် PCR [polymerase chain reaction] ဒီအန်အေ နမူနာစမ်းသပ်မှု ပြုလုပ် သင့်ပါတယ်” ဟုဆက်လက်ပြောကြားခဲ့သည်။
 
အရေးပေါ် နှိုးဆော်ဖို့အဆင့်မဟုတ်သေး
ဗြိတိန် နှင့် နိုင်ငံခြား ရှိ သိပ္ပံ ပညာရှင်များသည် အိုမီခရွန်၏ ကွဲပြားမှု အစိတ်အပိုင်းတစ်ခု ဖြစ်သော ၊ ဘီအေ.၂ ကို အနီးကပ် စောင့် ကြည့် နေ ကြ သည် ။ လတ်တလောမှာတော့ ဘီအေ-၂ နှင့်ပက်သက်လို့ မရှင်းလင်း နိုင်သေး သည့်အရာအများစွာ ရှိနေသေးကြောင်းသိရသည်။ ၎င်းသည် ကမ္ဘာကို လွှမ်းမိုး ခဲ့ သော ဘီအေ.၁ ၏ ဗားရှင်း နှင့် နှိုင်းယှဉ်လျှင် ကြီးထွား မှု အကျိုးကျေးဇူး ရှိပုံရသည် ။ ဘီအေ-၂ သည် အစောပိုင်းကာလလေ့လာသုံးသပ်ချက် များအရ အန္တရာယ်ရှိနိုင်ကြောင်း လွန်ကဲစွာ ယူဆခဲ့ကြသော်လည်း များစွာအရေးပါနိုင်ပုံရကြောင်း UKHSA အဖွဲ့ သုံးသပ်ချက်များအရသိရသည်။
 
“ကျွန်တော်တို့သိထားသမျှတင်ပြရမယ်ဆိုရင်တော့ ယူကေနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ကိုဗစ်အားလုံးကူးစက်မှုများ၏ လွှမ်းခြုံ အချိုးကျများအရ ဘီအေ-၂ သည်လုံးဝ မြင့်တက်လာနေခြင်းပြီ။ ယင်းသို့ စိုးရိမ်တကြီးစမ်းသပ်မှုများကြောင့်သာ ဇန်နဝါရီ လ ၂၄ ရက်နေ့အထိ သီတင်းပတ်တစ်ပတ်အတွင်း သံသယ ရှိ ဖွယ် BA.2 ၏ အရေအတွက်ဟာ နှစ်ဆတိုးလာတာကို ကျွန်ုပ် တို့ သိရှိခဲ့ရတာဖြစ်တယ်” ဟုဆိုသည်။
 
သို့သော်လည်း ယခုအခြေအနေထိ ဆင့်ပွါးပုံစံတူမျိုးပွါးပိုးဖြစ်စဉ်များမှာ ကူးစက်မှုပေါင်း ၂၀ ကြိမ်မှာ တစ်ကြိမ်အောက်ကိုထိလျော့နည်းနေခြင်းလည်းဖြစ်သည်၊၊ ယခုရလဒ်မှာ ဒိန်းမတ်နိုင်ငံတွင်ပိုမိုလွှမ်းမိုး လာသည်ဆိုသည့် ရလဒ်များနှင့် ဆန့်ကျင်နေသေးကြောင်းလည်းတွေ့ရသည်။
 
ပြင်းထန်မှုနှင့်ပက်သက်ပြီး တိကျပြတ်သားသောအချက်အလက်များမရရှိသေးကြောင်း ပြောဆိုမှုများ ရှိခဲ့သော်လည်း UKHSA အဖွဲ့၏ကနဦးလေ့လာစစ်ဆေးချက်မျာအရ ကာကွယ်ဆေးများထိရောက်မှုပုံစံမှာ ကွဲပြားခြားနားမှုမရှိခဲ့ပေ။
ယင်းသို့မရှိခဲ့ခြင်းလည်းထိုက်တန်သည်ဟုဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် ဒိန်းမတ်နိုင်ငံတွင်း ဆေးရုံတက်ရောက်ကုသမှု ပမာဏနှင့် ယူကေနိုင်ငံ၏ အရေးပေါ်အနီးကတ်ဂရုစိုက် စရာပမာဏများမှာ မပြောပြလောက်ရှိခြင်းကြောင့် ဘီအေ-၂ သည်လွန်စွာပြင်းထန်ပုံမရကြောင်းဟု ယူဆနိုင်သည်။
 
အိုမီခရွန်၏ နောက်ဆက်တွဲပုံတူမျိုးကွဲလွှမ်းမိုးလာသည့်တိုင် ကိုဗစ်ရောဂါ ဘီအေ-၁ ဗိုင်းရပ်စ်လှိုင်လုံးပြင်းထန်ခဲ့သောနိုင်ငံများတွင် ကူးစက်ရာလမ်းကြောင်းကိုတော့ ပြောင်းလဲမသွားနိုင်ပေ။ ဘာဖြစ်လို့လဲဆိုတော့ BA.1 ရောဂါကူးစက်မှုက ဘီအေ.၂ ကို ကာကွယ်ပေးနိုင်မယ့် အလားအလာများ တွေ့နေရကြောင်းသိရသည်။ သို့ဖြစ်ရာ သိပ္ပံပညာရှင်များအဖို့ ယခုအဆင့်တွင် အများပြည်သူကို အထိတ်တလန့် ပိုမဖြစ်စေအောင်နှင့် ယခုရလဒ်များကိုလည်းဆက်လက် စောင့်ကြည့်နေရခြင်းဖြစ်သည်။
 
ပုံစာ-အိန္ဒိယနိုင်ငံတစ်ဝှမ်း ယခင်ဘီအေ-၁ နှင့် ဒလ်တာဗိုင်းရပ်စ်များနေရာတွင် ဘီအေ-၂ ပိုးများနေရာဝင်လာ
 
BBC Health Correspondent Nick Triggle ၏ (၂.၂.၂၀၂၂) သုံးသပ်ချက် ကို Omicron BA.2: What we know about the Covid sub-variant မောင်မိုးသက် (စစ်တွေ)ဘာသာပြန်ဆိုသည်။
Western News-WN
 
 
 
 

ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်