test1

ကျောက်တော်မြို့နယ်မှ မိုင်းထိမှန် အမျိုးသမီး ဒဏ်ရာပြင်းသဖြင့် စစ်တွေသို့ ယူဆောင်


Western News- ခိုင်ဇော်ထွန်း

ဇန်နဝါရီ ၅ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၄ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက် လူနာအား စစ်တွေဆေးရုံသို့ ယနေ့မနက်ပိုင်းကယူေဆောင်လာခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ ခဘော်ကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ဒေါ်ခိုင်စံမေမှာ ကျေးရွာအနီးရှိ တောထဲသို့ အဖော်တစ်ဦးနှင့် ထင်းခုတ်ရန်သွားစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ယာခြေအောက်ပိုင်းပြင်းထန်စွာဒဏ်ရာ ရရှိကာ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေသို့ ယူဆောင်လာခဲ့ကြောင်း ဒဏ်ရာရရှိ သူ၏ မောင်ဖြစ်သူ ဦးကျော်လှထွီးကပြောသည်။

နေ့လည် ၁၂ နာရီ အချိန်လောက်ကဖြစ်တာပါ။ သူက ကျေးရွာအနီးမှာရှိတဲ့ တောထဲကို ထင်းခွေဖို့ သွားတာ။ အဖော်တစ်ဦးပါတယ်။ ဒဏ်ရာကတော့ ယာဖက်ခြေထောက်မှာရရှိခဲ့တယ်။ လက်မောင်းက အသားတွေလဲ ပဲ့ထွက်သွားတယ်။ မျက်နှာမှာလည်း ကြည့်စရာမရအောင် ပျက်စီးသွားတယ်။ ခြေထောက်ကတော့ လုံးဝပြတ်ထွက်သွားတယ်။ ဒဏ်ရာကတော်တော်ပြင်းတယ်

ဒဏ်ရာရရှိ သူ၏ မောင်ဖြစ်သူ ဦးကျော်လှထွီး

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသများ၌ မကြာခဏဆိုသလို မိုင်းပေါက်ကွဲမှုများဖြစ်ပေါ်နေ ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားလာသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်