test1

စစ်တွေတွင် တပ်မတော်ယာဉ်ဖြင့် တိုက်၍ အရပ်သားတစ်ဦး သေဆုံး


Western News – ထွန်းလှ

ဇန်နဝါရီလ ၅ ရက် 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကျေးတော ပိုက်ဆိပ်အနီးတွင် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က တပ်မတော်သယ်ယူ ပို့ဆောင်ရေးယာဉ်တစ်စီးက အရပ်သားတစ်ဦး၏ စီးနှင်းလာသည့်ဆိုင်ကယ်အားတိုက်မိ၍ ပြင်းထန်ဒဏ်ရာများရရှိကာ ညနေ ၆ နာရီကျော်အချိန်က စစ်တွေဆေးရုံကြီး၌ သေဆုံးသွားခဲ့သည်။

သေဆုံးသူသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငပျောချောင်းကျေးရွာမှ အဘဦးဘဲကျား၏ သား ကိုဌေးကြီး (၄၀) နှစ်ဖြစ်ပြီး၊ အရှေ့တိုင်းဇင်ယော် အမည်ရှိ မော်တော်ဘုတ်တွင် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါလူနာကိုသွားရောက်ပြီး စစ်တွေဆေးရုံကိုပို့ဆောင်ပေးခဲ့သူ ရွေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဥက္ကဌ ကိုမင်းထည်ဝါ က Western News ကို ယခုကဲ့သို့ပြောသည်။

“ဆိုင်ကယ်သမားကမြို့ထဲကလာတာ။ စစ်တပ်က ကျေးတောဖက်ကိုသွားတာပေ့ါ။ အဲ့ဒီမှာလမ်းမှာ ယာဉ်တိုက်မှုဖြစ်တာပါ။ ဆိုင်ကယ်နဲ့ လူက ကားအောက်ထဲမှာဆိုတော့ တစ်ယောက်မှာ သယ်မထုတ်ရဲကြဘူး၊ ကျွန်တော်တို့ အသင်းကပဲ သွားပြီးတော့ကား အောက်က ဆွဲထုတ်ယူခဲ့ရတာ” သေဆုံးသွားသူသည် ယနေ့ ညနေ ၅ နာရီကျော်အချိန်က စစ်တွေမြို့ထဲသို့ ဆိုင်ကယ်ဖြင့်သွားရာတွင် စစ်တွေမြို့ထဲမှာထွက်လာသော တပ်မတော် မော်တော်ယာဉ်တစ်စီးဖြင့် တိုက်မိခဲ့ခြင်းဖြစ်ရာ၊ ခြေ၊ လက် ကျိုးပဲ့ဒဏ်ရာများနှင့် ဦးခေါင်းကွဲဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားမှုနှင့် ပတ်သက်၍ တပ်မတော် မော်တော်ယာဉ်အား ယာဉ်ထိန်းရဲတပ်ဖွဲ့ က အမှုဖွင့်နိုင်ရန် ဆောင်ရွက်နေသည်ဟု ကျေးတော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းသာကပြောသည်။

“ယာဉ်တိုက်မှုဖြစ်တော့ ကျွန်တော်တို့က ရွှေရောင်မေတ္တာကားကိုခေါ်လိုက်တယ်၊ သူတို့ လူနာကိုဆေးရုံပို့လိုက်ကြတယ်၊ နောက်တော့ ယာဉ်ထိန်းရဲရောက်လာတယ်၊ စစ်တပ်ကကားကိုတော့ယာဉ်ထိန်ရဲတပ်ဖွဲ့က ယူသွားတယ်” ဟု ဟုပြောသည်။

ယာဉ်တိုက်ဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင်မိသားစုများအကြောင်းထားပြီး အမှုဖွင့် အရေးယူနိုင်ရေးကိုဆောင်ရွက်သွားးမည်ဟု သေဆုံးသွားသူ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဦးမောင်ကြီးက Western News ကိုပြောဆိုသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်