test1

ဆရာတော်ဦးဥတ္တမပြတိုက် ပြီးစီးရန် ငွေကြေးအကူ အညီများလိုအပ်နေ


Western news – ဝင်းသိန်း
ဇန်နဝါရီလ ၁၅ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ဆရာတော်အရှင်ဦးဥတ္တမ ပြတိုက်အား တည်ဆောက်နေပြီး ၎င်းအဆောက်အဦးပြီးစီးနိုင်ရန်အတွက် အလှူရှင်များ၏

အကူအညီများ လိုအပ်နေသည်ဟု ပြတိုက်အားဦးဆောင်တည်ဆောက်သော ရွှေစေတီဆရာတော် ဦးအရိယဝံသက Western News ကိုမိန့်သည်။

လက်ရှိတွင်မြန်မာနိုင်၌ ဆရာတော် ဦးဥတ္တမ၏သမိုင်းမှာပျောက်ကွယ်နေသော်လည်း အနာဂတ်တွင်ပျောက် ကွယ်မသွားရန်အတွက် ပြတိုက်အားတည်ဆောက်ရခြင်းဖြစ်ကြောင်း ဆရာတော် ကမိန့်သည်။

” ဆရာတော်ကမြန်မာနိုင်ငံမှာ လွတ်လွတ်ရေးလမ်းကြောင်းကို စတင်ပြုလုပ်ပေးခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်တယ်။ အခုဆိုရင်ဆရာတော်သမိုင်းမှတ်တမ်းပြတိုက်တစ်နေရာမှာမှ ဆောက်လုပ်လို့မရှိဘူး။

ဆိုတော့ နောင်လာနောင်သားတွေ အတွက်ဆရာတော်ရဲ့သမိုင်းကိုသိရှိစေချင်တဲ့အတွက် ပြတိုက်ကိုဆောက်လုပ်ရခြင်းဖြစ်တယ်” ဟု မိန့်သည်။

အဆိုပါပြတိုက်ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ စစ်တွေကမ္ဘောဇဘဏ်မှအလှူငွေ သိန်း ၁၀၀ ကျပ်၊ ထိုင်ရောက်ရခိုင်သားများမှ ငွေကျပ်သိန်း ၁၀၀ ၊ မိမိထံမှ ငွေကျပ်သိန်း ၁၀၀ စုစုပေါင်းသိန်း ၃၀၀ နှင့် ဆရာတော်ဦးဥတ္တ၏အခွေများကိုရောင်းချ၍ရရှိသည့်ငွေ ကျပ်သိန်း ၂၀ စသည်တို့ဖြင့် စတင်အကောင်အထည်ဖော်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အဆောက်အဦးမှာ ၄၀ ရာခိုင်နှုန်းပြီးနေပြီဖြစ်ကြောင်း ဆရာတော်ကမိန့်သည်။

“ ပထမဆုံးဆရာတော်ရဲ့အခွေတွေကို စစ်တွေမှာရောင်းချပြီးတော့ ငွေစုဆောင်းတယ်။ ကမ္ဘောဇဘဏ်က သိန်းတစ်ရာ၊ ထိုင်းရောက်ရခိုင်သားတွေ ဆီးကသိန်းတစ်ရာ၊ အခွေရောင်းချလို့ရတဲ့ငွေက သိန်းနှစ်ဆယ်တို့နဲ့ ၂၀၁၄ ခုနှစ်မှာစတင်တည်ဆောက်တာ

အခုဆိုရင်အဆောက်အဦးကလေးဆယ်ရာခိုင်နှုန်းပြီးစီး နေပြီ။ ကျန်တဲ့ခြောက်ဆယ်ရာခိုင်နှုန်းပြီးစီးဖို့အတွက် အလှူငွေတွေလိုအပ်နေတယ်” ဟု မိန့်သည်။

ပြတိုက်ပြီးစီးလျှင်ဆရာတော်ဦးဥတ္တမ၏ငယ်ဘဝ၊ ရဟန်းခံ၊ အိန္ဒိယတွင် လေ့လာခြင်း၊ ဥရောပတွင် ပညာသင်ခြင်း၊ ဂျပန်သို့ သွားခြင်း၊ ဆွန်ယက်ဆင်ကို တရားဟောခြင်း၊ မြင်ကွန်းမင်းသားကြီးကို တရားဟောခြင်း၊ ဝိုင်အမ်ဘီအေကို

ကူညီခြင်း၊မြန်မာ အမျိုးသားနိုင်ငံရေးတွင် စတင်ဦးဆောင်သူ၊ ဂျပန်တို့၏ အပြုအမူကောင်းများကို အတူယူရန် နိုးဆော်ခြင်း၊ ရဟန္တာကို ရှာဖွေရန် ကြိုးစားခြင်း စသဖြင့် မှတ်တမ်းပေါင်း ၈၀ ကျော်ကိုပြသပေးသွားမည်ဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်