မင္းျပားၿမိဳ႕နယ္ စိတၱရေက်းရြာအတြင္း လက္နက္ၾကီးက်ေရာက္ေပါက္ကြဲ (၃) ဦးဒဏ္ရာရ


မင္းျပားၿမိဳ႕နယ္ စိတၱရေက်းရြာအတြင္း လက္နက္ၾကီးက်ေရာက္ေပါက္ကြဲ (၃) ဦးဒဏ္ရာရ

Western News ၾသဂုတ္ ၁၅ ရက္

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ အေရွ႕ဖက္တြင္ရွိေသာ စိတၱရေက်းရြာအတြင္း ေနအိမ္တစ္လုံးသု႔ိလက္နက္ၾကီးက်ေရာက္ေပါက္ကြဲခဲ့၍ ၆ တန္းေက်ာင္းသားတစ္ဦးအပါအဝင္ ေက်ာင္းဆရာတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးတို႔ ထိခိုက္ဒဏ္ရာရရွိသြားသည္ဟု လႊတ္ေတာ္ကိုယ္ စားလွယ္မ်ားႏွင့္ ေဒသခံမ်ားမွ Western News သို႔ေျပာသည္။

စိတၱရေက်းရြာႏွင့္ ႏွစ္ဖာလုံေလာက္သာ ကြာေဝးေသာ မင္းပုန္းေတာင္ထိပ္ တပ္မေတာ္တပ္စခန္းမွ လက္နက္ၾကီးမ်ားျဖင့္ ၾသဂုတ္လ ၁၅ ရက္ေန ယေန႔မနက္ပိုင္း ၆ နာရီခန္႔က လက္နက္ၾကီးမ်ားျဖင့္ပစ္ခတ္ေသာေၾကာင့္ သုံးဦးဒဏ္ရာရရွိခဲ့သည္ဟု လက္နက္ၾကီး က်ေရာက္ေပါက္ကြဲခဲ့သည့္ ေနအိမ္မွ ဦးငမဲက ေျပာဆိုသည္။

“ဒီကေန႔ မနက္ပိုင္းက ၆ နာရီေလာက္ကၿဖစ္မယ္။ က်ေနာ့္ရြာနဲ႔ ႏွစ္ဖာလုံေလာက္ေဝးတဲ့ မင္းပုန္းေတာင္တပ္မေတာ္တပ္စခန္းက တပ္စြဲထားတဲ့ ေနရာကေန လွမ္းပစ္ခတ္လိုက္တာ၊ ရြာအျပင္ကိုတစ္လုံးက်တယ္။ ျပီးေတာ့ က်ေနာ့္ေနအိမ္ကိုတစ္လုံးက်တယ္။ အဲ့ဒီမွာ ၆ တန္း ကေလးတစ္ေယာက္ရယ္၊ ျပီးေတာ့ ေက်ာင္းဆရာတစ္ေယာက္ဒဏ္ရာရတယ္။ ျပီးေတာ့ အမ်ိဳးသားတစ္ေယာက္ဒဏ္ရတယ္။

ယခုကဲ့သို႔ လက္နက္ၾကီးမ်ားျဖင့္ ပစ္ခတ္လိုက္ေသာေၾကာင့္ ဦးငမဲ၏ ေနအိမ္ တစ္ျခမ္းပ်က္စီးသြားျပီး ကုန္စုံဆိုင္ဖြင့္လွစ္ေရာင္းခ်ေနေသာ သူအေမေနအိမ္တြင္လည္း ကုန္ပစၥည္းမ်ားလည္း အားလုံးပ်က္စီးဆုံးရႈံးသြားသည္ဟု ဦးငမဲလုံးကေျပာဆိုသည္။

ဒဏ္ရာရွိသူမ်ားမွာ စိတၱရေက်းရြာမွ ေမာင္ငလုံးေခ် အသက္ ၁၃ ႏွစ္၊ ညာဖက္တင္တြင္လက္နက္ၾကီးက်ည္ထိမွန္၊ ကိုေအးျမတ္နိုင္ အသက္ ၂၃ ႏွစ္၊ ေက်ာင္းဆရာတြင္ ညာဖက္နားရြာက္တြင္ထိမွန္ခဲ့ျပီး ဦးေမာင္တင္လွ ၆၇ ႏွစ္၊ ဘယ္ဖက္နားရြက္တြင္ ဒဏ္ရာအသီး သီးရရွိခဲ့ၾကသည္ဟုသိရသည္။

“မင္းျပားၿမိဳ႕နယ္ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ဦးလွသိန္းေအာင္က” ရြာနဲ႔မနီးမေဝးကရွိတဲ့ မင္းပုန္းေတာင္ကေန လက္နက္ၾကီးနဲ႔ ရြာ ဖက္ကိုလွမ္းပစ္တာပါ။ ၃ ေယာက္ဒဏ္ရာရတယ္။ ဒဏ္ရာကေတာ့ သိပ္မျပင္းဘူး။ အခုလည္းပစ္ေနတယ္။ က်ေနာ္တို႔ မင္းျပားက်ိန္း ေတာင္ထက္က တပ္မေတာ္တပ္စခန္းကေနလည္းပစ္ခတ္ေနတယ္။

စိတၱရာေက်းရြာအနီး၊ မင္းပုန္းေတာင္ထိပ္ လက္နက္ၾကီးမ်ားျဖင့္ မပစ္ခတ္ခင္တြင္ ေပါက္ကြဲသံ ႏွစ္ခ်က္ခန္႔ၾကားရျပီးေနာက္ပိုင္းတြင္ ယခုကဲ့သို႔ မင္းပုန္းေတာင္ဖက္က လက္နက္ၾကီးမ်ားျဖင့္ ေက်းရြာဖက္သို႔ လွမ္းပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့သည္ စိတၱရ ေက်းရြာသားမ်ားက Western News သို႔ေျပာဆိုသည္။

ယခုကိစၥႏွင့္ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔သို႔ Western News မွ ဖုန္းဆက္သြယ္ခဲ့ရာတြင္ ဖုန္းလက္ခံေျဖဆိုျခင္း မရွိခဲ့ပါ။

Western News

မင်းပြားမြို့နယ် စိတ္တရကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ (၃) ဦးဒဏ်ရာရ

Western News သြဂုတ် ၁၅ ရက်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အရှေ့ဖက်တွင်ရှိသော စိတ္တရကျေးရွာအတွင်း နေအိမ်တစ်လုံးသို့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ၆ တန်းကျောင်းသားတစ်ဦးအပါအဝင် ကျောင်းဆရာတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု လွှတ်တော်ကိုယ် စားလှယ်များနှင့် ဒေသခံများမှ Western News သို့ပြောသည်။

စိတ္တရကျေးရွာနှင့် နှစ်ဖာလုံလောက်သာ ကွာဝေးသော မင်းပုန်းတောင်ထိပ် တပ်မတော်တပ်စခန်းမှ လက်နက်ကြီးများဖြင့် သြဂုတ်လ ၁၅ ရက်နေ ယနေ့မနက်ပိုင်း ၆ နာရီခန့်က လက်နက်ကြီးများဖြင့်ပစ်ခတ်သောကြောင့် သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်မှ ဦးငမဲက ပြောဆိုသည်။

“ဒီကနေ့ မနက်ပိုင်းက ၆ နာရီလောက်ကဖြစ်မယ်။ ကျနော့်ရွာနဲ့ နှစ်ဖာလုံလောက်ဝေးတဲ့ မင်းပုန်းတောင်တပ်မတော်တပ်စခန်းက တပ်စွဲထားတဲ့ နေရာကနေ လှမ်းပစ်ခတ်လိုက်တာ၊ ရွာအပြင်ကိုတစ်လုံးကျတယ်။ ပြီးတော့ ကျနော့်နေအိမ်ကိုတစ်လုံးကျတယ်။ အဲ့ဒီမှာ ၆ တန်း ကလေးတစ်ယောက်ရယ်၊ ပြီးတော့ ကျောင်းဆရာတစ်ယောက်ဒဏ်ရာရတယ်။ ပြီးတော့ အမျိုးသားတစ်ယောက်ဒဏ်ရတယ်။

ယခုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လိုက်သောကြောင့် ဦးငမဲ၏ နေအိမ် တစ်ခြမ်းပျက်စီးသွားပြီး ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသော သူအမေနေအိမ်တွင်လည်း ကုန်ပစ္စည်းများလည်း အားလုံးပျက်စီးဆုံးရှုံးသွားသည်ဟု ဦးငမဲလုံးကပြောဆိုသည်။

ဒဏ်ရာရှိသူများမှာ စိတ္တရကျေးရွာမှ မောင်ငလုံးချေ အသက် ၁၃ နှစ်၊ ညာဖက်တင်တွင်လက်နက်ကြီးကျည်ထိမှန်၊ ကိုအေးမြတ်နိုင် အသက် ၂၃ နှစ်၊ ကျောင်းဆရာတွင် ညာဖက်နားရွာက်တွင်ထိမှန်ခဲ့ပြီး ဦးမောင်တင်လှ ၆၇ နှစ်၊ ဘယ်ဖက်နားရွက်တွင် ဒဏ်ရာအသီး သီးရရှိခဲ့ကြသည်ဟုသိရသည်။

“မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးလှသိန်းအောင်က” ရွာနဲ့မနီးမဝေးကရှိတဲ့ မင်းပုန်းတောင်ကနေ လက်နက်ကြီးနဲ့ ရွာ ဖက်ကိုလှမ်းပစ်တာပါ။ ၃ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာကတော့ သိပ်မပြင်းဘူး။ အခုလည်းပစ်နေတယ်။ ကျနော်တို့ မင်းပြားကျိန်း တောင်ထက်က တပ်မတော်တပ်စခန်းကနေလည်းပစ်ခတ်နေတယ်။

စိတ္တရာကျေးရွာအနီး၊ မင်းပုန်းတောင်ထိပ် လက်နက်ကြီးများဖြင့် မပစ်ခတ်ခင်တွင် ပေါက်ကွဲသံ နှစ်ချက်ခန့်ကြားရပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ မင်းပုန်းတောင်ဖက်က လက်နက်ကြီးများဖြင့် ကျေးရွာဖက်သို့ လှမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည် စိတ္တရ ကျေးရွာသားများက Western News သို့ပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ Western News မှ ဖုန်းဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

Western News

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်