test1

တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ကျောက်တော်တွင် စစ်ရှောင်ဒုက္ခသည်များဆန္ဒပြ


Western News- ထွန်းသာ
အောင်စိုးဇန်နဝါရီ ၁၉ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့စစ်ဘေးရှောင်စခန်းများတွင်ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဒုက္ခများသည် ဇန်နဝါရီ ၁၉ ရက်နေ့ ယနေ့ နေ့လည်ပိုင်း ၂ နာရီကျော်ခန့်တွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တပ်မတော်သားများ မာလာရွာမှ ရွာသားများပိုင် ပစ္စည်းများအား ယူဆောင်မှုများရှိနေဟုဆို

အဆိုပါဆန္ဒထုတ်ဖော်မှုကို ကျောက်တော်မြို့ မဟာကန်ကြီးရှင်ဘုရားရင်ပြင်ပေါ်တွင် မိနစ် ၃၀ ခန့်ကြာ စစ်ဘေးရှောင်ဒုက္ခသည် ၃၀ ခန့်က ပိုစတာ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်၊ မာလာကျေးရွာတွင် တပ်မတော်မှ တပ်စွဲ နေရာယူထားခြင်းကြောင့် ကျေးရွာသားများ ရွာမပြန်နိုင်ဖြစ်နေ

ယနေ့ဆန္ဒပြရာမှာ ဒုက္ခသည်များတောင်းဆိုသည့်အချက်များမှာ တပ်မတော်မှ တိုးချဲ့စစ်အင်အားများနှင့် စစ်စခန်းများချက်ချင်း ရုပ်သိမ်းပေးရန်၊ အကြမ်းဖက်ကျူးလွန်နေသောအစိုးရတပ်မတော်မှ တာဝန်ရှိသူများချက်ချင်းအရေးယူပေးရေး၊ ရွာသားပိုင် ပစ္စည်းများအား ရွာသားများလွတ်လပ်စွာသယ်ခွင့်ချက်ချင်းပေးရန်၊ ရွာသားများအား ရွာသို့ လွတ်လပ်စွာသွားလာခွင့်ပေးရေးတို့ပါဝင်သည်။

ယင်းအပြင်တပ်မတော်သားများရွာမှ မတရားယူဆောင်သွားသောစပါး၊ ဆန်၊ နွား၊ ဝက်၊ ဆိတ်၊ ဆိုင်ကယ်၊ ထော်လာဂျီ၊ ထွန်းစက်၊ ရေစုပ်စက်၊ စက်ဘီးနှင့် အခြားပစ္စည်းများအားချက်ချင်းပြန်ပေးရန်၊ ရွာနှင့်အနီးပတ်ဝန်းကျင် မြေမြုပ်မိုင်းများအား ချက်ချင်း ဖယ်ရှားပေးရန်စသောအချက် ၆ ချက်ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခုကဲ့သို့ဆန္ဒထုတ်မှုကို ကျောက်တော်မြို့တွင် စစ်ဘေးရှောင်အဖြစ်ခိုလှုံရှောက်ရှိနေကြသော တင်းမကျေးရွာသားများနှင့် မာလာကျေးရွာသားများ ၃၀ ခန့်က ကိုဗစ်စည်းကမ်းနှင် ့အညီ mask တပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ် ကြောင်းဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများကပြောသည်။

ကျေးရွာသားများစွပ်စွဲချက်များနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ သော်လည်းဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ပြီးခဲ့သော၂၀၂၀ ခုနှစ်နိုဝင်ဘာ ၁၂ ရက်နေ့က ရွေးကောက်ပွဲပြန်လည်ကျင်းပရေးနှင့် ပတ်သက်၍ အပြန်အလှန်ကြေငြာချက်ထုတ်ပြန်ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့သည်မှာ ၂ လကျော်ကြာလာခဲ့ပြီလည်းဖြစ်သည်။

ကျောက်တော်မြို့နယ် မာလာကျေးရွာသားများ ဆန္ဒပြ/ဓာတ်ပုံ-ထွန်းသာ

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်