test1

တပ်မတော်မှ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ၁ လ ထပ်တိုးရာတွင် ရခိုင်ဒေသပါဝင်လာ


Western News – ခိုင်ဇော်ထွန်း
ဇန်နဝါရီ ၂၈ ရက်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိတိုးမြှင့်လိုက်ပြီး ယင်းတိုးမြင့်လိုက်သည်နေရာတွင်ရခိုင်ဒေသ ပါဝင်လာကြောင်းတွေ့ရသည်။

ယခင်က အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပကျန် နေရာများကိုဆက်တိုက်သက်တမ်းတိုးလာခဲ့သော်လည်း ယနေ့ထုတ်ပြန်သော တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ၁ လ ထပ်တိုးရာတွင် ရခိုင်ဒေသပါဝင်လာသည်။တပ်မတော်၏ ထုတ်ပြန်ချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်ထိ ဆက်လက်ဆွေးနွေးနိုင်ရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များချော့မွေ့အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ကမ္ဘာတစ်ဝှမ်းတွင် ရင်ဆိုင်ရလျှက်ရှိသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ တပ်မတော်၏စစ်ရေးဆိုင်ရာလှုပ်ရှားမှုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြီးခဲ့သည့် ဇန်နဝ◌ါရီ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တပ်မတော်မှ စစ်ရေးဆိုင်ရာများကို တိုးမြှင့်ပေးခဲ့ပြီး ရခိုင်ဒေသမှာ ပါဝင်ခြင်းမရှိခဲ့ကာ တပ်မတော်မှ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က ရက္ခိုင့်တပ်တော် အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာခဲ့ပြီးနောက် ရခိုင်ဒေသမှာ ပထမဆုံးအကြိမ်ပါဝင်လာခြင်းဖြစ်သည်။

ဆက်လက်၍လည်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုများတိုးမြှင့်ရပ်စဲပေးထားသည့် ကာလများကို ယခင်ကထက်ပိုမိုထိရောက်အောင် အကျိုးရှိစွာအသုံးပြုပြီး ညှိနှိုင်းဆွေးနွေးမှုများကိုဆက်လက်ဆောင်ရွက်ကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်