test1

ရွှေးကောက်ပွဲရလာဒ်ကို ပြောင်းလဲရန်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အဟန့်အတားဖြစ်ရန် ကြိုးပမ်း နေမှုများကို နိုင်ငံတကာ သံတမန် အဖွဲ့များက ကန့်ကွက်


Western News – ထွန်းလှ
ဇန်နဝါရီ ၂၉ ရက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ မဲရလာဒ်များကို ပြောင်းလဲရန် ကြိုးပမ်းနေမှုနှင့် မြန်မာ့ ဒီမိုကရေစီအသွင်းကူးပြောင်းမှုများကို အဟန့်အတားဖြစ်စေသည့် အားထုတ်မှုများအား ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံရှိ နိုင်ငံတကာ သံတမန်အဖွဲ့အစည်းများက ပူးတွဲကြေညာချက်တစ်စောင်ကို ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်ကို သြစတေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် EU အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူကေ၊အမေရိကန်၊ နော်ဝေ နှင့် နယူးဇီလန်နိုင်ငံသံရုံးများမှ ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။တပ်မတော်နှင့် တခြားသော နိုင်ငံရေးပါတီအဖွဲ့အစည်းများ အနေဖြင့် ဒီမိုကရေစီ စံနှုန်းများကို လိုက်နာစောင့်ထိန်းကြရန်လည်း တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။


ယင်းအပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး၊ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးရေးများ မြှင့်တင်နိုင်အောင် ကြိုးပမ်းနေမှုများကို အားပေးထောက်ခံကြောင်း၊ လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်သစ်စတင်ရေးနှင့် သမ္မတသစ်ရွှေးချယ်တင်မြှောက်ရေးကို ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ မကြာသေးခင်က ကျင်းပခဲ့သော ရွှေးကောက်ပွဲတွင် နိုင်ငံသားများ၏ သမိုင်းဝင်ပူးပေါင်းပါဝင်မှုများကို ဂုဏ်ယူကြောင်းနှင့် ဒီမိုကရက်တစ် လွတ်လပ်ရေး၊ ရေရှည်တည်တန့်သည့် ငြိမ်းချမ်းရေး၊ ပြည်သူအားလုံး သာယာဝပြောရေးအတွက် ရှေးရှုလုပ်ဆောင်နေကြသည့် လူပုဂ္ဂိုလ်များကို အားပေးထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်