Western News
ဖေဖော်ဝါရီ ၃ ရက်
နိုင်ငံတော်အတိုင်ပန်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မဖြင့်လည်းကောင်း သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကိန်း ဥပဒေပုဒ်မ ၂၅ဖြင့် တရားစွဲဆို ထားကြောင်း NLD ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
နေပြည်တော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ကြည်း ၃၈၂၁၂ ဗိုလ်မှူးလင်းထွဋ်ဦး ဦးစီးသောအဖွဲ့သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျာသိဒ္ဓိရပ်ကွက်၊မြနန်းထုံသာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အားဝင်ရောက်ရှာဖွေရာတွင် အနီးကပ်လုံခြုံရေးအဖွဲ့မှ Icom စကားပြောစက် ၆ လုံး၊ဝိတ်တင်းမှ Icom စကားပြောစက် ၃ လုံး၊ကိုယ်ရေးအရာရှိ အဆောင်မှ Icom စကားပြောစက် ၁ လုံး၊ Jumber ၁စုံတို့အား ရှာဖွေတွေ့ရှိခဲ့သည့်အတွက် သတင်းရဲတပ် ဖွဲ့မှ ရဲမှူးကြည်လင်က တရားလိုပြုလုပ်ကာ ပို့ကုန်သွင်းကုန် ဥပဒေဖြင့်တရားစွဲဆိုထားကြောင်းသိရသည်။
ယင်းအပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလည်း မဲဆွယ်စည်းရုံးရေးကာလအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် ၁၉ စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အပေါ် ရဲမှူးမြင့်နိုင်က တိုင်တန်းလာသည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားသည်ဟုသိရှိရသည်။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား အမှုနှင့်ပတ်သတ်၍ သက်သေခံအထောက်အထားများတောင်းခံနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ချုပ်ရက်ထား သည်ဟုလည်းသိရှိရသည်။
Western News-WN
ဓာတ်ပုံ-AFP