BREAKING NEWS (ကျောက်တော် မိုင်းပေါက်ကွဲမှု နောက်ဆက်တွဲသတင်း) မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ၃ ဦးသေဆုံး


Western News -ဧပြီလ ၄ ရက်

မိသားစုများ ၅ ဦးစလုံး နေအိမ်ခြံဝန်းအတွင်း မြတ်ပင်များအားရှင်းလင်းမှုလုပ်နေစဉ်အတွင်းမိုင်းပေါက်ကွဲမှုဖြစ်၍ နေရာတွင်တစ်ဦး သေဆုံးခဲ့ပြီး ၄ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ကျောက်တော်ဆေးရုံးအလာတွင် နောက်ထပ် နှစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတ ကူညီရေးအသင်းက ဥက္ကဌ ဦးညီပုကပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာရှိ နေအိမ်ခြံဝန်းအတွင်းတွင် ဧပြီ ၄ ရက် ယနေ့ နေ့လည် ၃ နာရီကျော် အချိန်ခန့်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၂ နှစ်သားအရွယ်ကလေးတစ်ဦးနေရာချင်းတွင် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူနှင့် သားဖြစ်သူ နောက်တစ်ဦးမှာလည်း ကျောက်တော်ပြည်သူ့ဆေးရုံသို့သယ်ဆောင်လာစဉ်လမ်းတွင် သေဆုံးခဲ့ကြောင်း ဖြူစင်မေတ္တာပရဟိတ ကူညီရေးအသင်းက Western News ကိုပြောသည်။

သေဆုံးသူများသည် မိခင်ဒေါ်အေးအေးသိန်း အသက် ၃၅ နှစ် ခြေထောက်နှစ်ဖက်စလုံးပြတ်ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး သားဖြစ်သူ မောင်ကျော်ဆန်းဝင်း၂ နှစ် ကိုကိုလင်း အသက် ၅ နှစ်တို့ဖြစ်ကြာင်းသိရသည်။ မောင်ဝေယံလင်းသည် ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာရရှိခဲ့ပြီး ဖခင်ဖြစ်သူမှာ ဦးမောင်တွင် တစ်စုံတစ်ရာ ဒဏ်ရာမရရှိခဲ့ကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတကူညီရေးအသင်း ဥက္ကဌ ဦးညီပုကပြောသည်။



Western News- WN


ဆက်စပ်စကားလုံများ : #U Nyi Bu
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်