စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည် ကလေးငယ် စစ်တွေဆေးရုံသို့ အရေးပေါ်ရောက်ရှိလာ၊ ကိုယ်ဝန် ၄ လ လွယ်ထားရသည်မိခင်နှင့် သားသမီး ၃ ဦးသေဆုံးခဲ့


Western News – ဧပြီလ ၆ ရက်

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က နေအိမ်အတွင်းစစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မိသားစုတစ်ခုလုံးသေဆုံးဒဏ်ရာ ရရှိခဲ့ကြပြီး ယင်းထဲမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသက် ၇ နှစ်ရွယ် အကြီးဆုံးသားမှာဒဏ်ရာပြင်းထန်သောကြောင့် ကျောက်တော်ဆေးရုံးမှ စစ်တွေဆေးရုံးသို့ အရေးယူဆောင်လာသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သည် မောင်‌ဝေယံလင်း ၇ နှစ်မှာ ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီး၌ ၂ ရက်ကြာဆေးကုသမှုခံယူပြီးနောက် ၎င်းတွင်ရရှိထားသည့်ဒဏ်ရာမှာပြင်းထန်သောကြောင့် စစ်တွေဆေးရုံကြီးသို့ဆေးကုသမှုခံယူရန်ဧပြီ ၆ ရက်နေညနေ ၅ နာရီခန့်တွင် ရောက်ရှိလာရခြင်းဖြစ်သည်ဟု ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတကူညီရေးအသင်းမှ ကိုမင်းမြတ်ဦးကပြောသည်။

“ သူ့မှာဒဏ်ရာက ဘယ်ဖက်ခြေထောက်ဒူးဆစ်မှာလက်နက်ကျည်စဝင်သွားတာ။ အဲဒီဒဏ်ရာကြောင့် သူ့ရဲ့ဗိုက်ကဖောင်းတင်းလာတယ်။ ကျောက်တော်ဆေးရုံကဆရာဝန်ကြီးက ကျောက်တော်မှာကုသလို့အဆင်မပြေတော့ဘူး။ စစ်တွေဆေးရုံမှာဆေးကုသမှုခံယူသင့် တယ်ဆိုပြီးတော့လွှတ်လိုက်တာ “ ဟု ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာရှိ ၎င်းတို့၏ နေအိမ်အနီးရှိမြောင်းတွင် စစ်ကျန်လက်နက်တစ်ခုကို သားအကြီးဆုံးဖြစ်သူ မောင်‌ဝေယံလင်းမှ နေအိမ်သို့ ယူဆောင်လာပြီး ညီအစ်ကိုများနှင့် ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်မောင်က ပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် မောင်ကျော်ဆန်းဝင်း ၂ နှစ်အရွယ်ကလေးငယ် အခင်းဖြစ်ပွားခဲ့သည့်နေရာတွင်သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်အေးအေးသိန်း အသက် ၃၅ နှစ်နှင့် သားလတ်ဖြစ်သူ ကိုကိုလင်း အသက် ၅ နှစ်တို့ ကျောက်တော်ဆေးရုံးသို့ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သည့်မိခင်ဖြစ်သူ ဒေါ်အေးအေးသိန်မှာလည်း ကိုယ်ဝန် ၄ လ လွယ်ထားရကြောင်း ခန်ပွန်းဖြစ်သူ ဦးမောင်မောင်က ပြောသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်