test1

NLD ပါတီမှ နီနီမေမြင့်နှင့် ချစ်ချစ်ချောတို့ ဖမ်းဆီးခံရ


Western News – မေလ ၁၂ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို မေ လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက
စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။

မေလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင် ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ CID
ကဖမ်းဆီးခဲ့ပြီး ဒေါ်နီနီမေမြင့်၏ သားဖြစ်သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တဆင့်လွဲပြောင်းပေးခဲ့သည်ဟု ယောကျင်္ားဖြစ်သူကိုလင်းနိုင်က Western News ကို ပြောသည်။

“ ဖမ်းသွားတာကတော့ သေချာတယ်။ သူ့ကိုဖမ်းသွားတယ်ဆိုတဲ့အကြောင်းကို သူ့အစ်မက ကျနော့်ကိုလာပြီးဖုန်းဆက်တယ်။ သားလေးကို ကျောင်းသွားပို့တဲအချိန်မှာပေါ့။ သူ့ကို ကလေးကို
လာပို့သွားတယ်လို့ပြောတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ဖမ်းသွားတာဟု” ဒေါ်နီနီမေမြင့်၏ ခင်ပွန်းဖြစ်သူကိုလင်းနိုင်ကပြောသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီအချိန်ခန့်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီးဖြစ်သည့် မမိုးဆန်းစုကြည်ကို စစ်တပ်မှ လာရောက်၍ ဖမ်းဆီးသွားသည်ဟုမိသားစုနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များက ပြောသည်။

နောက်ဆက်တွဲအချက်လက်များကို ဆက်လက်ဖော်ပြပါမည်။

Western News- WN


ဆက်စပ်စကားလုံများ : #NLD#U Nyi Bu
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်