test1

အိန္ဒိယတွင် ကိုဗစ်ဖြင့်သေဆုံးသူ တစ်ရက်အတွင်း ၄၂၀၀ ကျော်ထိမြင့်တက်လာ


Western News – မေလ ၁၃ ရက်

အိန္ဒိယနိုင်ငံတွင် ကိုဗစ်ရောဂါကြောင့် မေလ ၁၂ ရက်နေ့ တစ်ရက်အတွင်း သေဆုံးသူ ၄၂၀၀ ကျော်ထိရှိလာပြီး ကူးစက်နှုန်းမှာလည်း ၁ ရက်အတွင်း ၃၄၈၄၂၁ ဦးထိရှိလာခဲ့ကြောင်း အိန္ဒိယနိုင်ငံသတင်းများကဖော်ပြသည်။

မေလ ၄ ရက်နေ့မှ စတင်ကာ တစ်ရက်အတွင်း ကူးစက်မှု ၃ သိန်းခွဲကျော်ထိရှိခဲ့ပြီး သေဆုံးမှာလည်း ၃၄၀၀ ကျော် ထိရှိခဲ့ရာမှာ လက်ရှိတွင်လည်း ကူးစက်မှုနှင့်သေဆုံးနှုန်းမှာ နေ့စဉ်မြင့်တက်လျက်ရှိသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ မေလ ၁၂ ရက်နေ့အထိ တတိယလှိုင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူမှာ ၅၉၆၉၄၆ဦး ထိရှိပြီး ကူးစက်မှုမှာလည် ၃၃၅၅၀၁၁၅ ဦးထိရှိလာသည်။

အလားတူ မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ကိုင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ကိုဗစ်ကူးစက်မှုနှင့်သေဆုံးမှုများမှာမြင့်တက်လျက်ရှိသည်။

နှစ်နိုင်ငံကုန်သွယ်ရေး စခန်းဖြစ်သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရွှေမင်းဂံ ကုန်သွယ်ရေးစခန်းတွင် မေလ ၁၂ ရက် နေ့က ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည့် အလုပ်သမား ၄၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၄ ဦးခဲ့သည်ဟု
ရခိုင်ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ယင်းကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသည့် ကုန်သွယ်ရေးသင်္ဘောများကို Quarantine ထားပြီး ကို ဗစ်ပိုးရှိ/ မရှိစစ်ဆေးမှုများပြုလုပ်နေကြောင်း ရခိုင်ပြည်နယ် ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောထားသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေမြို့ရွှေမင်းဂံကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို လက်ရှိ ကိုဗစ်တတိယလှိုင်းတွင် ကူးစက်မှုနှင့်သေဆုံးမှုမြင့်တက်လျက်ရှိသည့်အိန္ဒိယ၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ကုန်သွယ်ရေးလုပ်ငန်း ကိုရပ်တန့်ရန်အတွက် အရပ်ဖက်အဖွဲ့စည်းများကလည်းတိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂ဝခုနှစ် သြဂုတ်လမှ စ၍ ကိုဗစ်ဒုတိယလှုင်းအတွင်း သေဆုံးသူ ၃၀ ကျော်ထိရှိခဲ့ ပြီး ကူးစက်မှုမှာလည်း ၁၀၀၀ ကျော်ထိရှိခဲ့သည်။

Western News- WN
ဓာတ်ပုံ- REUTERS


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်