test1

စစ်ကောင်စီ၏ NSPNC နှင့် ALP သွားရောက်တွေ့ဆုံ


Western News – မေလ ၁၄ ရက်

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တို့ ယမန်နေ့ မေလ ၁၃ ရက်က
နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာနတွင်တွေ့ဆုံနှိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ စစ်ကောင်စီဖက်မှ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့် အဖွဲ့ဝင်များတက်ရောက်ပြီး
ALP ဖက်မှ ဒုတိယဥက္ကဌ (၃) ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်အဖွဲ့ဝင်များတက်ရောက်ခဲ့သည်ဟုသိရသည်။

အစည်းအဝေးတွင်မည်သည့် အကြောင်းအရာများအား ညှိနှိုင်းခဲ့ကြောင်းကိုသိရှိလို၍ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဌ (၃)ဒေါ်စောမြတ်ရာဇာလင်းအား ဆက်သွယ်ရာ
အင်တာဗျူးဖြေဆိုုခြင်းကိုပိတ်ထားကြောင်း သူမ၏ကိုယ်ရေးအရာရှိက Western News ကိုပြန်လည်ဖြေဆိုသည်။

“အဲ့ဒီဟာဆိုရင် အင်တာဗျူးခွင့်မရှိဘူး။ အင်တာဗျူးတွေပိတ်ထားပါတယ်”ဟုပြောသည်။

တွေ့ဆုံညှိနှိုင်းမှုနှင့်ပတ်သတ်ပြီး ALP မှဖြေကြားရန်ငြင်းဆန်သော်လည်း အစည်းအဝေးတွင် ALP ဖက်မှငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို
တင်ပြဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင်သတင်း စာတွင်ဖော်ပြထားသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်