test1

ရန်ကုန်တိုင်းဒေသရှိ ဆင်းရဲနွမ်းပါးသောမိသားစုများအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ သန်းထောက်ပံ့


Western News – မေလ၊ ၁၅ ရက်

ရန်ကုန်တိုင်းဒေသရှိ ဆင်းရဲနွမ်းပါးသောမိသားစုများအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ သန်းအား ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့အစီအစဉ် (WFP) မှတဆင့်
ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေပေါင်း ၆၀၀,၀၀၀ ဝန်းကျင်အား ကူညီ ထောက်ပံ့ ပေးလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်း ဆာလောင်မွတ်သိပ်မှုကိုဖြေရှင်းရန် ဆောင်ရွက်နေ့သည့် WFP ၏ လုပ်ဆောင်ချက်များကိုအား ပေးထောက်ခံကြောင်း၊ ဂျပန်ပြည်သူများ၏
ထောက်ပံ့မှုသည် WFP မှတစ်ဆင့် မြို့ပြ၏ဆင်းရဲနွမ်းပါးသည့် မိသားစုများထံတိုက်ရိုက်ရောက်ရှိတော့မည်ဖြစ် ကြောင်းနှင့် ဂျပန်အစိုးရအနေဖြင့်မြန်မာပြည်
သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr Haruyama Ichiro ကပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုကိုဖြေရှင်းဖို့ဆောင်ရွက်နေတဲ့ WFP ရဲ့တစ်စိုက်မတ်မတ်ကြိုးပမ်းအားထုတ် မှုတွေကို ဂျပန်နိုင်ငံအစိုးရအနေနဲ့အား
ပေးထောက်ခံပါတယ်။ WFP ရဲ့ကနဦးဆောင်ရွက်မှုကြောင့် ဂျပန်လူထုဆီက အကူအညီဟာ မြန်မာမြို့ပြရဲ့ဆင်းရဲနွမ်းပါးဒေသတွေက အထိခိုက်လွယ်ဆုံး
ဒေသခံပြည်သူတွေဆီကို တိုက်ရိုက်ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေဟာ မြန်မာပြည်သူလူထုနဲ့အတူ
ဆက်လက်ရပ်တည်သွားမှာပါ” ဟုပြောသည်။

ဂျပန်နိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ရခိုင်၊ ချင်း၊ ကချင်နှင့်ရှမ်းပြည်နယ်မှစစ် ဘေးရှောင်များ အားလည်း WFP မှ
တစ်ဆင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း၊ မတ်လတွင် အမေရိကန်ဒေါ်လာ ၃ သန်း စုစုပေါင်း ကန်ဒေါ်လာ ၇
ဒသမ ၇ သန်းအားကူညီထောက်ပံ့ခဲ့သေးသည်။

ဂျပန်နိုင်ငံ၏ ပူးတွဲဆောင်ရွက်မှုကြောင့် WFP အနေဖြင့် ဂျန်ပန်နိုင်ငံအစိုးရနှင့် ပြည်သူပြည်သားများကိုအထူး ကျေးဇူးတင်ကြောင်းနှင့် ယခုကဲ့သို့လှူဒါန်းမှုမှာ
ကပ်ဘေးကြီးတစ်ခုဖြစ်မလာအောင်ကြိုတင်တားဆီးနိုင်ရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအတွက် အမှန်ထိရောက်မှုရှိကြောင်း WFP ၏ မြန်မာနိုင်ငံ
ဆိုင်ရာဌာနကိုယ် စားလှယ် Mr.Stephen Anderson ကပြောကြားလိုက်သည်။

“နှစ်ပေါင်းများစွာ WFP နဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုအတွက် ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည် သားတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်။
အခုလိုတကယ့်ကိုအရေးကြီးတဲ့အချိန်မျိုးမှာ ဂျပန်နိုင်ငံအစိုး ရနဲ့ပြည်သူပြည်သားတွေက မြန်မာပြည်သူလူထုအတွက် မေတ္တာဂရုဏာထားပြီးထောက်ပံ့ကူညီပံ့ပိုး
လိုက်တာဖြစ်ပါတယ်။ အခုလိုစေတနာပြည့်ဝတဲ့လှူဒါန်းမှုတွေဟာ မြန်မာနိုင်ငံမှာ ကပ်ဘေးကြီးတစ်ခုဖြစ်မလာအောင် တားဆီး နိုင်ဖို့ကြိုးစားနေတဲ့
ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်လုပ်ငန်းတွေအတွက် တကယ့်ကိုအရေးပါအက္ခရာကျပါ တယ်။” ဟုပြောသည်။

jAPAN DOANATES DOLLOR TO MYANMAR'S REFUGEE

မြန်မာနိုင်ငံတွင် Covid-19 ကပ်ရောဂါ၊ နဂိုရှိရင်းစွဲဆင်းရဲမွဲတေမှုနှင့် လက်ရှိနိုင်ငံရေးအကျပ်အတည်း စသည့်ဆင့်ကဲရိုက်ခတ်မှု တို့ကြောင့်
လာမည့်ခြောက်လအတွင်း လူဦးရေ ၃ ဒသမ ၄ သန်းခန့် ငတ်မွတ်မှုနှင့် ရင်ဆိုင်လာကြရလိမ့်မည်ဖြစ်ပြီး၊ ၎င်းဒဏ်ကို မြို့ပြမှလူထုများ
အနေဖြင့် အဓိကရင်ဆိုင်ကြရလိမ့်မည်ဟု WFP ကခန့်မှန်းထားသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်