၂၀၂၀ ရွေးကောက်ပွဲ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၆၈ ဦးဝင်ပြိုင်မည်

Western News- ဇင်သန့်
သြဂုတ် ၁၇ ရက်

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ ANP မှ ကိုယ်စားလှယ်လောင်း ၆၈ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါ ANP ဗဟိုရုံးမှသိရသည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအရေအတွက်မှာအမျိုးသားလွှတ်တော် ၁၂ ဦး၊ ပြည်သူ့လွှတ်တော် ၁၇ ဦး၊ ပြည်နယ်အမှတ် (၁) ၁၇ ဦး၊ ပြည်နယ်အမှတ် (၂) ၁၇ ဦး ရန်ကုန်တိုင်း ၁ ဦးနှင့် ဧရာဝတီတိုင်း ၄ ဦးတို့ဖြစ်ကြသည်။

“ အတည်ဖြစ်သွားပါပြီ၊ ကော်မရှင်ကလည်း စာရင်းပိတ်လိုက်ပြီ”ဟု ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ် ပါတီနိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်ကပြောသည်။

ယင်းအပြင် ရခိုင်အမျိုးသားပါတီ ANP အနေဖြင့်ယခုရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်အတိုင်းတာဖြင့် အများဆုံးအနိုင် ရနိုင်ခြေရှိ ကြောင်း၊ ပြည်သူလူထုကြားတွင် အများဆုံးအသိမှတ်ပြုထားခံထားရသော ပါတီမှာလည်း ရခိုင်အမျိုးသားပါတီဖြစ်ကြောင်း ဦးထွန်းအောင်ကျော်ကပြောသည်။

“မြို့နယ်တိုင်းမှာ ရွေးကောက်ပွဲသာကျမယ်ဆိုရင် ၂၀၁၅ ကလိုအများဆုံး အနိုင်ရတဲ့ပါတီဟာ ရခိုင်အမျိုးသားပါတီပဲ ဖြစ်မယ်ဆိုတာကို ခိုင်ခိုင်မာမာယုံကြည်ထားတယ်”ဟုပြောသည်။

အကယ်၍ ကိုဗစ်ကပ်ရောဂါနှင့် တိုက်ပွဲအခြေအနေများကြောင့် မြို့နယ်တစ်ချို့မှာ ရွေးကောက်ပွဲမဖြစ်နိုင်လျှင် ရခိုင်လူထုအပေါ် ရိုက်ခတ်မှုများရှိလာနိုင်ပြီး လွှတ်တော်၌ ရခိုင်အမျိုးသားပါတီမှအားနည်းလျှင် အဓိကရိုက်ခတ်လာမည့်ပြဿနာမှာ စစ်ဘေးသင့် ပြည်သူအရေး၊ ကိုဗစ်အရေးစသည့် လတ်တလောကိစ္စရပ်များ၌ ပြည်သူအပေါ်အားနည်းချက်များ ဖြစ်ပေါ်နိုင်သည်ဟုလည်းဆိုသည်။

လက်ရှိယှဉ်ပြိုင်မည့် ၆၈ ဦးထဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၇ ဦးပါသည်။ ရခိုင်အမျိုးသားပါတီသည် ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါ RNDP အနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် ၃၄ ဦးအနိုင်ရရှိခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီ ANP အနေဖြင့်ယှဉ်ပြိုင်ရာ၌ ၄၃ နေရာအနိုင်ရရှိခဲ့သည်။

Western News-WN

၂၀၂၀ ရွေးကောက်ပွဲ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၆၈ ဦးဝင်ပြိုင်မည်

Western News- ဇင်သန့်
သြဂုတ် ၁၇ ရက်

ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်