test1

မြောက်ဦးတွင် ၂ ရက်ကြာ ခေတ်မီလက်နက်များပစ်ခတ်လေ့ကျင့်မည်


Western News – မေလ ၁၇ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၌ မေလ ၁၉ ရက်နေ့မှ မေလ ၂၀ ရက်နေ့ အထိ ၂ ရက်ကြာ ခေတ်မီလက်နက်များကို
လေ့ကျင့်ပစ်ခတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့မှ ကျေးရွာစီမံအုပ်ချုပ်ရေးမှူး များအားအကြောင်းကြားစာပေးပို့လာသည်ဟု သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် ခေတ်မီလက်နက်များလေ့ကျင့်ပစ်ခတ်မှုကို မြောက်ဦးမြို့နယ် ရွာဟောင်းတော ကျေးရွာအုပ်စု၊ ခေါင်းဖြူ တောင်ကွင်း၊ ခန့်မှန်းခြေမြေပုံအညွှန်း
( အီးတီ- ၂၁၆၇၈၁) တွင် လေ့ကျင့်ပစ်ခတ်မည် ဖြစ်ပါ၍ သတ်မှတ်ရက်ထက် ၂ ရက်ကြိုတင်၍ ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ခေါင်းဖြူတောင်
ကွင်းအနီးအနားသို့ သစ်၊ဝါး၊ ထင်းများ ခုတ်ယူရန်ဖြတ်သန်းသွား လာခြင်းမပြုလုပ်စေရေး အသိပေးအကြောင်းကြားသည်ဟု ပါရှိသည်။

“ ကျွန်တော်တို့ကို မြို့နယ်ထွေအုပ်ရုံးက ဖုန်းဆက်လာတယ်။ အမှတ် ၃၁ စခန်းမှာ ရဲတွေကိုသင်တန်းပေးနေ တယ်။ အဲဒီသတင်းမှာ ခေတ်မီလက်နက်တွေကို ပစ်ခတ်လေ့ကျင့်ဖို့ပါတယ်။
အဲဒါကြောင့် ရွာကလူတွေကို တော တောင်တွေကို မသွားဖို့၊ ကျွဲ၊ နွားတွေကို တောတောင်အနီးအနားတွေမှာ မသွားဖို့ပြောသွားတယ်။ စာလေ့တစ်စောင် ပေးလာတယ်။
”ဟု ဆင်အိုးချေကျေးရွာ စီမံအုပ်ချုပ်ရေး ကောင်အဖွဲ့ ဥက္ကဌ ဦးစိန်လှမောင်က ပြောသည်။

အဆိုပါအကြောင်းကြားစာပေးပို့ထားသည့်ကျေးရွာ ၁၀ ကျော်မှာ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ ရွာဟောင်းတော၊ မောင်သာကုန်း၊ ချောင်းသစ်၊ ပီပင်ရင်း၊ သင်္ဘောဆိပ်၊ ကြာချေ၊
ရော်မနီ၊ သရက်အုပ်နှင့် မြောက်ဦးမြို့ပေါ်မှ လက်ကောက်စျေးရပ်ကွက်ရပ်ကွက် လည်းပါဝင်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းနှင့် ပြန်ကြားရေး ဦးလှသိန်းအားဆက်သွယ်ခဲ့ရာ သူအပြင်ထွက်သွားကြောင်း ဖုန်းကိုင်သူတစ်ဦးမှ
ပြန်လည်ဖြေဆိုခဲ့သည်။ ယင်းအပြင်ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအားဆက်သွယ်ခဲ့သော်လည်
ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်