Wester News – မေလ ၂၁ ရက်
စစ်ကောင်စီကလက်ရှိ အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကောက်ပွဲကော်မရှင် (UEC)နှင့် နိုင်ငံရေး ပါတီများတွေ့ဆုံသည့် ဒုတိယအကြိမ်
အစည်းအဝေးသို့ ပါတီ ပေါင်း ၆၂ ပါတီ တက် ရောက်ကြကြောင်းသိရသည်။
အဆိုပါအစည်းအဝေးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တွင် ယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ကော်မရှင် ရုံးအစည်းအဝေးခန်းမ
၊ ရုံးအမှတ်၂ တွင် ကျင်းပနေခြင်းဖြစ်ပြီး ရခိုင့်ဦးဆောင်ပါတီမှ ဒေါက်တာအေးမောင် တက်ရောက်ကြောင်းသိရသည်။
ယင်းအစည်းအဝေးကို ရခိုင်ပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဦးဆောင်ပါတီ (AFP)နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) တို့ကို ဖိတ်ကြားခဲ့သော်လည်း
ရခိုင်အမျိုးသားပါတီ ANP အနေဖြင့် တက်ရောက်နိုင်ခြင်းမရှိသလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှလည်းမတက်ရောက်ကြပေ။
စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် ပထမ အကြိမ်ကမ်းလှမ်းမှုကို ရခိုင်အမျိုးသားပါတီ (ANP)နှင့်
ရခိုင်ဦးဆောင်ပါတီ(AFP)တို့တက်ရောက်ခဲ့ကြသည်။
Western News- WN