test1

အမ်းမြို့နယ် ပြောင်းချောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၊ လူနေအိမ် ၆ လုံးဆုံးရှုံး


Western News – မေလ၊ ၂၂ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြောင်းချောင်းကျေးရွာတွင် မနေ့ နေ့လယ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အမ်းမီးသတ်ဦး စီးဌာန၏ ပြောကြားချက်အရသိရသည်။

မီးလောင်ကျွမ်းမှုမှာ မေလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးဖိုမီးမီးအကြွင်းကျန်များကြောင့် လောင်ကျွမ်းခြင်းဖြစ်ကာ လူနေအိမ် ၆
လုံးဆုံးရှုံးခဲ့ကြောင်း အမ်းမီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးဌာနမှူး ဦးအောင်သန်းဌေး ကပြောသည်။

“မီးက မနေ့က နေလယ် ၂ နာရီခွဲလောက်မှာစလောင်တာပါ။ မီးဖို မီးအကြွင်းကျန်တွေကြောင့်ဖြစ်တာ။ လူနေအိမ် ၆ ဆောင်ပါသွားတယ်။” ဟုဆိုသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားသည့် ပြောင်းချောင်းကျေးရွာအား အမ်းမီးသတ်ဌာနမှ သွားရောက်မီးငြိမ်းသတ်ပေးခဲ့ ကြောင်းသူကပြောသည်။ မြေပုံမြို့နယ်၊
ကမ်းထောင်းကြီးတွင်လည်း မေလ ၂၀ ရက်နေ့က မုန့်ကြော်ရာမှစ၍ မီးလောင်မှုဖြစ်ပွားကာ ကာလတန်ဖိုးအားဖြင့် ၈၅၇,၀၀၀ ကျပ်ရှိသည့် နေအိမ် ၁၄
လုံးဆုံးရှုံးမှုဖြစ်ပွားခဲ့သေးသည်။

ရခိုင်တပြည်နယ်လုံးတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ် မေလအထိ မီးလောင်ကျွမ်းမှုအကြိမ်ရေမှာ ၁၀၀ ကျော်အထိရှိခဲ့ပြီဖြစ်ပြီး ဆုံးရှုံးခဲ့သည့်
ငွေကြေးပမာဏမှာ ကျပ်သန်းပေါင်း ၁၀၀ ကျော်အထိရှိပြီဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ အချက်အလက်များ အရသိရသည်။

Western News- WN
ဓာတ္ပုံ=Rakhine Fire Force

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်