Sittwe student
test1

စစ်တွေမြို့တွင် ယနေ့ ကျောင်းအပ် လက်ခံ မြင်ကွင်း


Western News- မေလ ၂၄

ရခိုင်ပြည်နယ် စစ်တွေမြို့ အထက ၂ တွင် ယနေ့ မေလ ၂၄ ရက် နံနက် ၁၀ နာရီ အချိန်မှ စတင်ပြီး ထက်၊လယ်၊ မူ ကျောင်းသား/သူများကို ကျောင်းအပ်လက်ခံနေသည်ကို တွေ့ရှိရသည်။

ကျောင်းအပ် လက်ခံနေသည့်အခမ်းအနားကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင် ၃ ဦးသန်းထွန်း၊ ရခိုင်ပြည်နယ်
ပညာရေးမှူး ဦးတင်သိန်းနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များလာရောက် ကြည့်ရှုသည်ကိုလည်း တွေ့ရှိရသည်။

ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာပုဂ္ဂိုလ်များအား သတင်းအင်တာဗျူးရယူရန် ကြိုးစားခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်