CB Bank - sittwe
test1

စစ်တွေ ကိုဗစ်-၁၉ပိုးတွေ့ရှိသူနေအိမ်မှ မိသားစုဝင်များနှင့် CB ဘဏ်ဝန်ထမ်များကို Facility Quarantine ထားရှိ


Western News -အောင်စိုး
သြဂုတ် ၁၇ ရက်

ရခိုင်ပြည်နယ်စစ်တွေမြို့မှ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသည့် CB ဘဏ်ဝန်ထမ်း၏ နေအိမ်၌နေထိုင်သူများနှင့် CB ဘဏ်ဝန်ထမ်းများကို သြဂုတ်လ ၁၇ ရက်နေ့တွင် Facility Quarantine ထားရှိကြောင်း ရခိုင်ပြည်နယ် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Western News သို့ပြောသည်။

ယနေ့နံနက်ပိုင်းတွင် လူနာ ၃၇၆ ၏နေအိမ်ရှိသူ ၁၉ ဦးခန့်ကို နာခေါင်းတို့ဖတ်၊အာခေါင်တို့ပတ်တို့ယူဆောင်လျှက်ရှိကြောင်း ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

“သူ့မှာတော့ အိမ်သား ၁၉ ယောက်လောက်ရှိတယ်၊ အဲဒါတွေကိုတော့ ဆရာတို့ Facility Quarantine ထည့်ပေးထားတယ်၊နာခေါင်းတို့ဖတ်နမူနာယူဖို့လုပ်နေတယ်။ သူ့အိမ်မှာရှိတဲ့ကလေးကလည်း ဖျားလို့ဆေးရုံတင်ထားရတယ်”ဟု ပြောသည်။

ကိုဗစ်လူနာအမှတ် ၃၇၆ သည် သြဂုတ်လ ၁၄ ရက်နေ့က အနံ့မရခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းများဖြစ်ပေါ်သဖြင့် ဆေးရုံတက်ရောက်ခဲ့ရပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ်များယူကာ ရန်ကုန်သို့ပို့ဆောင်ခဲ့ခြင်းပြီး သြဂုတ်လ ၁၆ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

လက်ရှိအချိန်တွင် လူနာအမှတ် ၃၇၆ ကို စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်လူနာသီးသန့်ထားရှိသောအဆောင်၌ထားရှိပြီး ဆေးကုသမှုခံယူလျှက်ရှိသည်။

Western News -WN

Breaking News
စစ်တွေ ကိုဗစ်-၁၉ပိုးတွေ့ရှိသူနေအိမ်မှ မိသားစုဝင်များနှင့် CB ဘဏ်ဝန်ထမ်များကို Facility Quarantine ထားရှိ

Western News -အောင်စိုး
သြဂုတ် ၁၇ ရက်

ရခိုင်ပြည်နယ်စစ်တွေမြို့မှ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသည့် CB ဘဏ်ဝန်ထမ်း၏ နေအိမ်၌နေထိုင်သူများနှင့် CB ဘဏ်ဝန်ထမ်းများကို သြဂုတ်လ ၁၇ ရက်နေ့တွင် Facility Quarantine ထားရှိကြောင်း ရခိုင်ပြည်နယ် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Western News သို့ပြောသည်။

ယနေ့နံနက်ပိုင်းတွင် လူနာ ၃၇၆ ၏နေအိမ်ရှိသူ ၁၉ ဦးခန့်ကို နာခေါင်းတို့ဖတ်၊အာခေါင်တို့ပတ်တို့ယူဆောင်လျှက်ရှိကြောင်း ဒေါက်တာစိုးဝင်းပို်င်ကပြောသည်။

“သူ့မှာတော့ အိမ်သား ၁၉ ယောက်လောက်ရှိတယ်၊ အဲဒါတွေကိုတော့ ဆရာတို့ Facility Quarantine ထည့်ပေးထားတယ်၊နာခေါင်းတို့ဖတ်နမူနာယူဖို့လုပ်နေတယ်။ သူ့အိမ်မှာရှိတဲ့ကလေးကလည်း ဖျားလို့ဆေးရုံတင်ထားရတယ်”ဟု ပြောသည်။

ကိုဗစ်လူနာအမှတ် ၃၇၆ သည် သြဂုတ်လ ၁၄ ရက်နေ့က အနံ့မရခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းများဖြစ်ပေါ်သဖြင့် ဆေးရုံတက်ရောက်ခဲ့ရပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ်များယူကာ ရန်ကုန်သို့ပို့ဆောင်ခဲ့ခြင်းပြီး သြဂုတ်လ ၁၆ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

လက်ရှိအချိန်တွင် လူနာအမှတ် ၃၇၆ ကို စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်လူနာသီးသန့်ထားရှိသောအဆောင်၌ထားရှိပြီး ဆေးကုသမှုခံယူလျှက်ရှိသည်။

Western News -WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်